Top News

■ ရီးယဲလ်တိုက်စစ်မှူး ဘာပေ ပေါင်ဒဏ်ရာကြောင့် (၁၀)ရက်ခန့် အနားယူရမည်
24htopnews | December 13, 2024 7:12 PM CST

အတ္တလန်တာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ပွဲစဉ်တွင် ပေါင်ဒဏ်ရာရရှိခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ဘာပေသည် (၁၀)ရက်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။ 

ဘာပေသည် အဆိုပါဒဏ်ရာကြောင့် ပွဲချိန်(၃၅)မိနစ် တွင် လူစားလဲခံခဲ့ရသည်။ 

ဘာပေအနေဖြင့် (၁၀)ရက်ခန့် အနားယူရမည်ဖြစ် သည့်အတွက် ဒီဇင်ဘာ(၁၈)ရက်တွင် ယှဉ်ပြိုင်ရမည့် Intercontinental ဖလားဗိုလ်လုပွဲကိုလည်း လွဲချော်ဖွယ်ရှိကြောင်း သိရသည်။

အသက် (၂၅) နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ပြီးခဲ့သည့်နွေတွင် PSG အသင်းမှ ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် ရီးယဲလ်အသင်းတွင် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသလို၊ ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

ဘာပေသည် ရီးယဲလ်အသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၂) ပွဲတွင် (၁၂) ဂိုး သွင်းယူထားသည်။ 


READ NEXT
Cancel OK