Top News

■ ပြင်သစ်လီဂူးပွဲစဉ် (၁၅) ပွဲကြိုသုံးသပ်ချက်
24htopnews | December 13, 2024 7:12 PM CST

မောင့်ပယ်လီယာ - နိုက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၈:၃၀ နာရီ)

မောင့်ပယ်လီယာက အိမ်ကွင်းကစားပုံပိုကောင်းလာတယ်။ လိုင်လီ၊ ဘရက်စ်၊ အော်ဇေးတို့လို အသင်းတွေဆီက ရမှတ်တွေ ယူနိုင်ခဲ့တယ်။ နိုက်စ်က ဥရောပဝင်ခွင့်ပစ်မှတ်ထားနေတဲ့ အသင်းဖြစ်ပေမဲ့ အိမ်ရှင်နဲ့ အရဲစွန့်သင့်ပါတယ်။



ရန်းစ် - အန်ဂါစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)

ရန်းစ်က အန်ဂါစ်နဲ့ တွေ့ဆုံတဲ့ လီဂူးနောက်ဆုံး (၄)ပွဲဆက် အနိုင်ရထားတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ရန်းစ်က အားနည်းချက်တွေများနေတယ်။ အန်ဂါစ်က အဝေးကွင်းမှာ မိုနာကိုကိုတောင်အနိုင်ကစားခဲ့လို့ သရေလောက်ပဲရမယ်။



လူအယ်ဗာ - စထရာဘိုး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)

လူအယ်ဗာက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေတယ်။ ဒါပေမဲ့ ဒီပွဲတော့ စထရာဘိုးကို အနိုင်ကစားလိမ့်မယ်။



ဘရက်စ် - နန့်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် ည ၁၀:၃၀ နာရီ)

လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းအရ (၂)သင်းအကြား ကွာဟချက်သိပ်မရှိဘူး။ ဘရက်စ်ကတော့ ပြီးခဲ့တဲ့ရာသီကထက် ပိုအားနည်းလာတယ်။ နန့်စ်ကို ကြိုက်တယ်။



PSG - လိုင်ယွန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက် နံနက် ၂:၁၅ နာရီ)

PSG က ပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှုမှာ လိုင်ယွန်ကို (၂) ကျော့စလုံးအနိုင်ရခဲ့တယ်။ ဒါပေမဲ့ လက်ရှိအခြေအနေအရ ကြည့်ရင်တော့ PSG အတွက် သိပ်ပြီး လွယ်ကူဖို့ မရှိတော့ဘူး။ လိုင်ယွန်က ပြီးခဲ့တဲ့ရာသီကလို ရုန်းကန်ရတဲ့ အသင်းမဟုတ်တော့ဘူး။ လာကာဇက်၊ ချာကီ၊ မာတစ်၊ မိန့်လန်းနိုင်းစ်တို့လို ကစားသမားတွေ အကောင်းဆုံးပုံစံပြနေကြပြီး ၀ါရင့်ကစားသမားတွေနဲ့ လူငယ်တွေရဲ့ စုဖွဲ့မှုက အလုပ်ဖြစ်နေတာ တွေ့ရတယ်။ PSG က ပိုကောင်းတဲ့အသင်းပါ။ ဒါပေမဲ့ လွယ်လွယ်ကူကူနိုင်ဖို့တော့ မရှိဘူး။ (၂)သင်းပေါင်း သွင်းဂိုးအများကို ကြိုက်တယ်။


READ NEXT
Cancel OK