အာဆင်နယ် - အဲဗာတန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)
အာဆင်နယ်က လီဗာပူးလ်ကို အမီလိုက်ဖို့ ကြိုးစားနေရင်းနဲ့ နောက်ဆုံးပွဲမှာ ဖူလ်ဟမ်ကို သရေပဲ ကစားနိုင်ပြီး ခြေချော်သွားခဲ့တယ်။ လက်ရှိအမှတ်ပေးဇယားမှာ အဆင့် (၃) နေရာ ရောက်နေပြီး လီဗာပူးလ်ထက် (၁) ပွဲပို၊ (၆) မှတ်လျော့အနေအထားဖြစ်သလို၊ မန်စီးတီးထက်လည်း (၂) မှတ်ပဲ သာတာဖြစ်လို့ အမှားမခံတော့ဘူး။ အဲဗာတန်က ရလဒ်ပိုင်းအားရစရာမရှိသလို အဝေးကွင်းလည်း ညံ့ပါတယ်။ အာဆင်နယ် နိုင်ပွဲပြန်ယူမယ်။
လီဗာပူးလ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်နဲ့ ဖူလ်ဟမ် (၂) သင်းစလုံးက ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြနေတာကို မရပ်တန့်အောင် ကြိုးစားကစားရမှာ ဖြစ်တယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ်မှာ (၁၀) ပွဲဆက် ရှုံးပွဲမရှိကစားထားနိုင်သလို၊ ဖူလ်ဟမ်ကလည်း ပရီးမီးယားလိဂ်မှာ (၄) ပွဲဆက် ရှုံးပွဲမရှိကစားထားတယ်။ လီဗာပူးလ်က လက်ရှိအချိန်မှာ ရမှတ် (၃၅) မှတ်ယူထားပြီး နယူးကာဆယ်ကို (၃-၃) နဲ့ သရေ ကျတဲ့ပွဲက နောက်ဆုံးပွဲဖြစ်ပြီး အဲဗာတန်နဲ့ ပွဲကိုတော့ ရွှေ့ဆိုင်းထားရတယ်။ ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ ခြေစွမ်းက အကောင်းဆုံးပုံစံမှာလည်း ရှိနေပြီး လီဗာပူးလ်တိုက်စစ်ကိုလည်း ထိန်းချုပ်ဖို့ ခက်တယ်။ ဒီနှစ်သင်း နောက်ဆုံး ရင်ဆိုင်ထားတဲ့ ပွဲက ဖူလ်ဟမ်ကွင်းမှာဖြစ်ပြီး အဲဒီပွဲတုန်းက လီဗာပူးလ်က (၃-၁) နဲ့ အနိုင်ရခဲ့တယ်။ လက်ရှိအချိန်မှာ ဖူလ်ဟမ်က ခြေတက်နေ ပြီး အာဆင်နယ်ကိုလည်း သရေကစားခဲ့ပေမယ့် လီဗာပူးလ်ကွင်းမှာတော့ ယှဉ်နိုင်ဖို့ ခက်ပါတယ်။ လီဗာပူးလ်ပဲ နိုင်မယ်။
နယူးကာဆယ် - လက်စတာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)
နယူးကာဆယ်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဘရန့်ဖို့ဒ်အသင်းကို (၄-၂) ဂိုးနဲ့ ရှုံးခဲ့ပြီး သူတို့အသင်းရဲ့ နိုင်ပွဲပျောက်မှတ်တမ်းက (၄) ပွဲအထိ ရှိလာခဲ့တယ်။ အသင်းလိုက်ကစားပုံ မဆိုးသလို၊ အသင်းကြီးတွေနဲ့ပွဲမှာ ပုံစံကောင်းပြနေပေမယ့် ကျန်ပွဲတွေမှာ ခြေမငြိမ်ဘူးဖြစ်နေတယ်။ လက်စတာက နစ္စတယ်ရွိုင်းလက်ထက်မှာ တိုးတက်လာပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ ကစားထားတယ်။ ဒီပွဲတော့ နယူးကာဆယ် နိုင်မှာပါ။
ဝုလ်ဗ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ချပ်ပလင်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပြီး အနိုင်ရလုနီးပါးလည်းဖြစ်ခဲ့ပေမယ့် ဘုန်းမောက်က (၈၇)၊ (၉၀) မိနစ်တွေမှာ ဂိုးတွေပြန်သွင်းခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့တယ်။ တိုက်စစ်က ပြန်အားနည်းနေပြီး နောက်ဆုံး (၃) ပွဲမှာ (၁) ဂိုးပဲ ရသလို၊ (၃) ပွဲစလုံးရှုံးခဲ့တာကို တွေ့ရတယ်။ ဝုလ်ဗ်က ဒဏ်ရာ၊ ပွဲပယ်ပြဿနာတွေရှိပြီး သူတို့လည်း ရှုံးပွဲဆက်နေတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ အစ်ဝစ်ချ်ကို အနိုင်ယူလိမ့်မယ်။
နော်တင်ဟမ်ဖောရက်စ် - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၁၂:၀၀ နာရီ)
ရာသီအစက ပရီးမီးယားလိဂ်မှာ အံ့အားသင့်စရာ ပုံစံကောင်းကိုပြသခဲ့ပြီး ဇယားထိပ်ပို်င်းအထိ တက်လာတဲ့ ဗီလာနဲ့ ဖြေးဖြေးမှန်မှန်နဲ့ အပေါ်တက်လာတဲ့ နော်တင်ဟမ်တို့ ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်သင်းစလုံး ရမှတ်တူ (၂၅) မှတ်စီ ရရှိထားတယ်။ ဗီလာရဲ့ ဒီရာသီအဝေးကွင်း Form က အားနည်းလို့ နော်တင်ဟမ်အိမ်ကွင်းမှာ ဗီလာ ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်တယ်။ နော်တင်ဟမ်ကို ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
