ကာဂလီယာရီ - အတ္တလန်တာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၈:၃၀ နာရီ)
ကာဂလီယာရီက ကစားပုံမဆိုးပေမဲ့ အရမ်းကောင်းနေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ကွင်းဆိုရင်တော့ ရမှတ်တွေအတွက် အသင့်ဖြစ်နေတတ်တယ်။ အတ္တလန်တာကိုတော့ လက်ရှိအချိန်မှာ အပြစ်ပြောစရာမရှိတဲ့အသင်းလို့တောင် ဆိုရမှာပါ။ အတ္တလန်တာအနိုင်သေချာတယ်။
အူဒီးနီးစ် - နာပိုလီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၁၁:၃၀ နာရီ)
အူဒီနီးစ်က တည်ငြိမ်မှုနည်းပါးတဲ့အသင်းဖြစ်ပြီး နောက်ဆုံးပွဲမှာတော့ မွန်ဇာကို အနိုင်ရခဲ့တယ်။ ဒါပေမဲ့ အူဒီးနီးစ်ရဲ့ နိုင်ပွဲက ကံတရားကြောင့်လည်း ပါတယ်။ နည်းပြ ကွန်တီရဲ့ နာပိုလီကတော့ လာဇီယိုကို ရှုံးပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဆင်းပေးခဲ့ရပါပြီ။ ဒါပေမဲ့ နာပိုလီက အမှတ်ပေးဇယားထိပ်ပိုင်း မှာရပ်တည်တဲ့အသင်းတွေနဲ့ တွေ့ဆုံရင်သာ ရုန်းကန်ရတတ်တာဖြစ်ပြီး နိုင်သင့်တဲ့ပွဲတွေကိုတော့ အနိုင်ကစားနိုင်ခဲ့တယ်။ (၂)သင်းအကြား နောက်ပိုင်းတွေ့ဆုံမှုတွေကိုကြည့်ရင်လည်း နာပိုလီ ရလဒ်ကောင်းပါတယ်။ နာပိုလီ နိုင်ပွဲပြန်ရှာလိမ့်မယ်။
ဂျူဗင်တပ်စ် - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၂:၁၅ နာရီ)
ဂျူဗင်တပ်စ်က သရေပွဲတွေများနေပြီး အဆင့်(၆)နေရာအထိ ကျဆင်းလာခဲ့တယ်။ ဒါပေမဲ့ ပွဲကျပ်ပွဲဆက်တွေကြားမှာ ဂျူဗင်တပ်စ်အသင်း ခပ်မှန်မှန်ခရီးဆက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး ကွင်းတွင်းခြေစွမ်းကလည်း ဆိုးရွားနေတာမျိုး မဟုတ်ပါဘူး။ ဗင်နီဇီယာကတော့ စိတ်ပျက်စရာပုံစံနဲ့အတူ အမှတ်ပေးဇယားအောက်ဆုံး ရောက်နေတယ်။ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်အသင်း ဂိုးပြတ် နိုင်ပွဲယူလိမ့်မယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
