Top News

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၄) ပွဲကြိုသုံးသပ်ချက် 
24htopnews | December 13, 2024 7:12 PM CST

အော့စ်ဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၀၀ နာရီ)

အော့စ်ဘတ်ကွင်းမှာ လေဗာကူဆင်အသင်း အခက်အခဲ တွေ့နိုင်တယ်။ ဒါပေမဲ့ ပြိုင်ပွဲစုံ(၆)ပွဲဆက် အနိုင်ကစားပြီးနောက် အသင်းက Rhythm မှန်နေတယ်။ လေဗာကူဆင် ဂိုးပြတ်မနိုင် လောက်လို့ အော့စ်ဘတ်နဲ့ စွန့်စားသင့်တယ်။



မိန့်ဇ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက ဟာရီကိန်း မပါဝင်နိုင်ချိန်မှာ ဂျာမန်ဖလားက ထွက်လိုက်ရပေမဲ့ သိပ်တော့ ပုံမပျက်သွားပါဘူး။ အိုလီဆေး၊ မူဆီယာလာတို့က ပိုအားကိုးလာရပြီး အသင်းတိုက်စစ်ကို ဦးဆောင်သူတွေ ဖြစ်လာခဲ့တယ်။ မိန့်ဇ်အသင်း နောက်ဆုံးပွဲမှာ ရှုံးပွဲပြန်တွေ့ခဲ့ပေမဲ့ ဝုလ်ဖ်ဘတ်ကို သုံးကြိမ်တိုင် ဦးဆောင်နိုင်ခဲ့တာဖြစ်တယ်။ ဘိုင်ယန်အသင်း (၃)ဂိုး မပြတ်လောက်ပါဘူး။



မိုချန်ဂလာဘတ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း နောက်ဆုံး(၇)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ခဲ့သလို၊ အိမ်ကွင်းရလဒ်တွေလည်း ကောင်းနေတယ်။ မိုချန်ပဲ ရွေးချယ်ချင်တယ်။



အူန်ယွန်းဘာလင် - ဘိုဟုမ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၉:၀၀ နာရီ)

နှစ်သင်းစလုံး အခြေအနေဆိုးနေပေမဲ့ အဆင့်ချင်းတော့ ကွာပါသေးတယ်။ အိမ်ကွင်းလည်းဖြစ်လို့ အူန်ယွန်းဘာလင် နိုင်ပွဲပြန်ရဖို့များတယ်။



ဆန့်ပေါ်လီ - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၁၄ ရက် ည ၁၂:၀၀ နာရီ)

ဆန့်ပေါ်လီအသင်း နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲ အရေးနိမ့်ခဲ့ပေမဲ့ ဘိုင်ယန်၊ မိုချန်နဲ့ လေဗာကူဆင်တို့ကို အရှုံးပေးခဲ့ရတာပါ။ ဒီပွဲတော့ ဆန့်ပေါ်လီ အမှတ်ရလိမ့်မယ်။


READ NEXT
Cancel OK