Top News

■ ခရစ္စတန်ဆန်ကို ရောင်းထုတ်ရန် ဘာစီလိုနာအသင်း စီစဉ်     
24htopnews | December 13, 2024 5:12 PM CST

ဘာစီလိုနာအသင်းသည် အသင်းနောက်ခံကစားသမား ခရစ္စတန်ဆန်အား ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။ 

ဘာစီလိုနာအသင်းသည် ဒိန်းမတ်လက်ရွေးစင်နောက်ခံကစားသမား ခရစ္စတန်ဆန်ကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း(၃၀)ဝန်းကျင့်ဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း စပိ်န်မီဒီယာအချို့က ဖော်ပြခဲ့သည်။ 

ဘာစီလိုနာအသင်းသည် ခရစ္စတန်ဆန်(၂၈ နှစ်)ကို ၂၀၂၂ ခုနှစ်တွင် ချယ်လ်ဆီးအသင်းထံမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူကာ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားခဲ့သည်။ 

သို့သော် လက်ရှိအချိန်၌ ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကို လက်ကျန်ရာသီဝက်အတွက် စာရင်းသွင်းရန် ငွေကြေးလိုအပ်ချက်ရှိနေသောကြောင့် ခရစ္စတန်ဆန်ကို ရောင်းထုတ်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အသင်းတွင် လစာအများဆုံးပေးချေနေရသည့် နယ်သာလန်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကိုလည်း ရောင်းထုတ်လိုနေကြောင်း သိရသည်။ 

ခရစ္စတန်ဆန်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၁) သာ ကစားထားရသည်။ 


READ NEXT
Cancel OK