ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ချန်ပီယံလိဂ်ပွဲစဉ်(၆)၏ အကောင်းဆုံးအသင်းကို ရွေးချယ်ထုတ်ပြန်ခဲ့ရာ ကလပ်အသင်း(၁၁)သင်းမှ ကစားသမားများ ပါဝင်ခဲ့ကြောင်း သိရသည်။
UEFA သည် ချန်ပီယံလိဂ်အကောင်းဆုံးအသင်းကို ပွဲစဉ်အလိုက် ရွေးချယ်ထုတ်ပြန်နေခြင်းဖြစ်ပြီး ပွဲစဉ်(၆)အတွက် အကောင်းဆုံးအသင်းကို (၄-၂-၃-၁)ပုံစံဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ဂိုးသမားအဖြစ် ပြင်သစ်ကလပ် ဘရက်စ်အသင်းမှ ဂိုးသမား ဘီဇော့ ရွေးချယ်ခံခဲ့ရပြီး နောက်တန်း(၄)ဦးတွင် ရောဘတ်ဆန်(လီဗာပူးလ်)၊ ရူဒီဂါ(ရီးယဲလ်)၊ ဗစ်ကာစ်(ဆဲလ်တစ်)၊ မူကီလီ (လေဗာကူဆင်) တို့ ပါဝင်ခဲ့သည်။
ကွင်းလယ်ခံစစ်(၂)ဦးတွင် စတေလာ(စတုဂတ်) နှင့် တီလေမန်းစ်(အက်စတွန်ဗီလာ) တို့ဖြစ်ပြီး ကွင်းလယ်တိုက်စစ်(၃)ဦးတွင် ပိုင်ဇာအို(ဖီယင်နု)၊ အိုလီဆေး(ဘိုင်ယန်မြူးနစ်)၊ ဆာကာ(အာဆင်နယ်) တို့ ရွေးချယ်ခံခဲ့ရသည်။
အထောင်တိုက်စစ်မှူးအဖြစ် တိုက်စစ်မြားဦးတွင် ဂရီးဇ်မန်း(အက်သလက်တီကို) ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ပွဲစဉ်အလိုက်အကောင်းဆုံးအသင်းတွင် ကလပ်အသင်း(၁၁)သင်းမှ ကစားသမားများ ရွေးချယ်ခံရမှုမှာ (၅)ကြိမ်မြောက်ဖြစ်ပြီး ပွဲစဉ်(၅)တွင်သာ ကလပ်(၁၀)သင်းမှ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
