ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ- ဝရဇိန် (ပေါင်))
မွန်ပြည်နယ် ပေါင်မြို့တွင် ဒီဇင်ဘာ ၃ ရက် မွန်းတည့်ချိန်က ယာဉ်လေးစီးဆင့် တိုက်မှုဖြစ်ပွားခဲ့ရာမှ ယာဉ်မောင်း အမျိုးသားတစ်ဦး သေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြား ချက်များအရ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ မွန်း တည့် ၁၂ နာရီအချိန်ခန့်က ပေါင်မြို့၊ မိုးနိုင်း ရပ်ကွက်၊ စွယ်တော်ပိုင်း၊ ရန်ကုန် - မော်လ မြိုင် ကားလမ်းမပေါ်တွင် သထုံမြို့ဘက်မှ ပေါင်မြို့ဘက်သို့ မြေကြီးများတင်ဆောင် လာသည့် ခြောက်ဘီးယာဉ်၏နောက်မှ ၁၂ ဘီး ကုန်တင်ယာဉ်၊ ၎င်းယာဉ်နောက်မှ ဘုရား ဖူး များလိုက်ပါလာကြသည့် vanetta အမျိုး အစားယာဉ်နှင့် ၎င်းအနောက်မှ ၁၂ ဘီးကုန် တင်ယာဉ်တို့ လားရာတူမောင်းနှင်လာစဉ် ပေါင်မြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး အ ရောက်တွင် မြေကြီးများ တင်ဆောင် လာ သည့် ခြောက်ဘီးယာဉ်မှ လမ်း၏ညာဘက် ယာဉ်ကြောမှ ဘယ်ဘက်ယာဉ်ကြောသို့ ချိုး ကွေ့လိုက်ရာမှ နောက်လိုက်ပါလာကြသည့် ယာဉ်များ ဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ကုန်တင်ယာဉ် နှစ်စီးကြားထဲက vanetta အမျိုးအစားယာဉ် က ကားခေါင်းခန်းက ရှေ့က ၁၂ ဘီးကုန်တင် ယာဉ်နောက်ပိုင်းကို ဝင်တိုက်မိတော့ ကား ခေါင်း ခန်းထဲညှပ်ပြီး ယာဉ်မောင်းဖြစ်သူက အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထို့အပြင် ကားခေါင်းခန်းထဲ လိုက်ပါ လာသည့်အခြားအမျိုးသားတစ်ဦးမှာ လည်း ထိခိုက်ဒဏ်ရာ များရရှိခဲ့ပြီး ယာဉ်နောက်ခန်း တွင်လိုက်ပါလာကြသူများအနက် အမျိုးသမီး တစ်ဦးလည်းထိခိုက်ဒဏ်ရာများရရှိခဲ့ ကြောင်း နှင့် ထို vanetta မှာ ဘုရားဖူးယာဉ်ဖြစ်ပြီး ယာဉ်ပေါ်တွင် လူ ၂ဝခန့် လိုက်ပါလာကြ ကြောင်း ၎င်းင်းဒေသခံက ဆိုသည်။
“vanetta ယာဉ်အနောက်က ပါလာတဲ့ ၁၂ ဘီးကုန်တင်ယာဉ်က ဘရိတ်မြန်လို့ ရှေ့ က vanetta ယာဉ်ကို နည်းနည်းပါးပါးပဲ တိုက် မိ တာ။ မဟုတ်ရင်တော့ ဠညေနအအေ ကားပေါ် ပါလာ သူတွေအတွက် မတွေးဝံ့စရာဘဲ။ မြေ ကြီးတင်ထားတဲ့ ခြောက် ဘီးကားက ဆက်ပြီး မောင်းထွက်သွားတယ်လို့ ပြောကြပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယာဉ်ဆင့်တိုက်မှုမှ သေဆုံးခဲ့သူ ယာဉ်မောင်းမှာ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့(၃) ရပ်ကွက်၊ မီးရထားဝင်းအတွင်းနေထိုင် သူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရသည်။
ယာဉ်ဆင့်တိုက်မှုကြောင့် သေဆုံးခဲ့သူ ၏ ရုပ်အလောင်း နှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ သူများအား ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
