ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းရေးညှိနှိုင်း အစည်းအဝေးတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် လုံးဝမရွှေ့ပြောင်းနိုင်ဟု ယတိပြတ် ပြောဆိုသဖြင့် ကရင်နီ လူငယ်အင်အားစုက အစည်းအဝေး ခန်းမတွင်းမှ ထွက်ခွာသွားကြောင်း သိရသည်။
လွိုင်ကော်မြို့ ကယားပြည်နယ် အစိုးရုံးတွင် မေ ၁၄ ရက် နံနက် ၁၀ နာရီကျော်တွင် ကျင်းပသော ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ အဖွင့်အမှာစကား ပြောမယ်ဆိုတော့ ဝန်ကြီးချုပ်က သူ့ရဲ့မရွှေ့ပေးနိုင်ဘူး ဆိုတဲ့အကြောင်း ပြောတော့ ကျွန်တော်တို့ ဘက်ကလည်း ဒီဟာကိုတော့ ပြန်ပြီးတော့ တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့လည်း တိတိလင်းလင်းပဲ ပြောပါမယ်။ ပြီးခဲ့တဲ့ တစ်ခေါက် ၇ ရက် ၅ လ ၂၀၁၉ မှာတော့ ကျွန်တော်တို့ ရွှေ့ပြောင်းရေးကို ဆွေးနွေးပါမယ်လို့ သဘောတူညီချက် ကျွန်တော်နဲ့ ပြည်နယ်မင်းကြီးနဲ့ အတွင်းရေးမှူးနဲ့ လက်မှတ်ထိုးထားတာ ရှိတယ်။ အခုကတော့ မရွှေ့ပြောင်းနိုင်ဘူးလို့ ဝန်ကြီးချုပ်က ပြောတယ် ဆိုတော့လည်း အဆင်ပြေပါတယ်။ ကျွန်တော်တို့ လူငယ်ပိုင်းကလည်း မူလကျွန်တော်တို့ ရည်ရွယ်ထားတဲ့ အတိုင်းပဲ ကျွန်တော်တို့ရဲ့ မူလလက်စွဲကိုင်တဲ့ဟာကိုပဲ ကျွန်တော်တို့ ပြန်စပါမယ်။ ဒီအပေါ်မှာ တာဝန်ရှိတဲ့လူက ဘယ်သူလဲဆိုတော့ ပြည်သူလူထုက အဖြေထုတ်ပါမယ်။ တာဝန်ခံမှု တာဝန်ယူမှုက ဘယ်သူ့ဆီမှာ ရှိတယ်ဆိုတဲ့ ဟာကိုလည်း ကျွန်တော်တို့ မေးခွန်းထုတ်ရပါလိမ့်မယ်။ လူကြီးလူကောင်းဆန်စွာနဲ့ ဒီဆွေးနွေးပွဲကို ဆက်ပြီးတော့မှ မဆွေးနွေးနိုင်တော့ဘူး။ ဆွေးနွေးလည်း မရွှေ့ပြောင်းနိုင်ဘူးဆိုတော့ ကျွန်တော်တို့ ဒီလောက်ပဲ ရပ်ပါမယ်” ဟုကရင်နီလူငယ် ခူးရယ်ပိုးတလေက အစည်းအဝေးခန်းမှ မထွက်ခွာမီ ပြောကြားသည်။
ကြေးရုပ်ပြဿနာ ဆွေးနွေးရန်အတွက် ပြည်နယ်အစိုးရနှင့် ကရင်နီလူငယ်များ နှစ်ပွင့်ဆိုင် ဆွေးနွေးရာ NLD ပါတီဝင် အများဆုံး ပါဝင်သော ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီမှ လေ့လာသူများအဖြစ် ၁၅ ဦးအား ဖိတ်ကြားထားသည်ကို တွေ့ရပြီး ဝန်ကြီးချုပ်က မရွှေ့နိုင်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်ဟု သိရသည်။
“ဒီကြေးရုပ်နဲ့ ပတ်သက်ပြီး ကယားပြည်နယ် အစိုးရရဲ့ သဘောထားကို ကျွန်တော်အနေနဲ့ တင်ပြပါ့မယ်။ ကယားပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ ဒီဟာကို ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတဲ့ အခါမှာ ဆွေးနွေးမှုတွေမှာ အဆင်မပြေတဲ့ အနေအထားတွေ ရှိပါတယ်။ ဒါကြောင့်မို့ ကယားပြည်နယ် အစိုးရအနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး လုံးဝမပြောင်းပေးဘူး ဆိုတဲ့အကြောင်း တင်ပြပါတယ်” ဟု ဝန်ကြီးချုပ် အယ်လ်ဖာင်းရှိုက အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထိုသို့ အစည်းအဝေး ပျက်သွားသဖြင့် မေ ၇ ရက်တွင် အစိုးရနှင့် ကရင်နီလူငယ်များ အပြန်အလှန် သဘောတူညီချက်ဖြင့် ဘာသာရေး ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီမှ ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင် ဟောင်းများဖြင့် ဖွဲ့စည်းခဲ့သော ကြေးရုပ်ရွှေ့ပြောင်းရေး ကော်မတီမှာလည်း ဖျက်သိမ်းလိုက်ကြောင်း မီဒီယာများရှေ့တွင် တရားဝင် ကြေညာချက် ထုတ်ပြန်သည်ဟု သိရသည်။
ကြေးရုပ်ပြဿနာ မဆွေးနွေးမီ မေ ၁၂ ရက် ညနေပိုင်းတွင် ကြေးရုပ်စိုက်ထူထားရာ ပန်းခြံပတ်လည်အား ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သံဆူးကြိုးများ ပြန်လည်ကာနေ ကြသည်ကို တွေ့ရကြောင်းနှင့် မေ ၁၄ ရက်တွင် အစိုးရရုံး ပတ်လည်တွင် လုံခြုံရေးများ တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း မြို့ခံများထံမှ သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကိစ္စ ငါးပွင့်ဆိုင် ညှိနှိုင်းအစည်းအဝေးကို လွိုင်ကော်မြို့ ကိန္ဒရာလွိုင်ကော် ဟိုတယ်တွင် မတ် ၂၀ ရက်တွင် ကျင်းပရာ ကရင်နီလူငယ်များမှ ကြေးရုပ်ပြင်ပသို့ ပြောင်းရွှေ့ရေးနှင့် အများနှင့် မသက်ဆိုင်သော နေရာတွင် ထားရှိရန် မူကိုသာ လက်ကိုင်ထား၍ ဧပြီလကုန်တွင် ပြန်လည်ချိန်းဆို ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာများနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရတွင် တာဝန်ရှိသောကြောင့် ပြည်ထောင်စု အစိုးရသို့ ကရင်နီပြည် လူငယ်များ အင်အားစုက သမ္မတထံ လိပ်မူပြီး အိတ်ဖွင့်ပေးစာ တစ်စောင်အား မတ် ၇ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
