ကချင်၊ ကရင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်ရှိ အကြောင်းအမျိုးမျိုးကြောင့် ဖွင့်လှစ်ထားသည့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး အမျိုးသားအဆင့် မဟာဗျူဟာ(မူကြမ်း)ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲလျက်ရှိပြီး စခန်းများပိတ်သိမ်းပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
IDP စခန်းများပိတ်သိမ်းခြင်းသည် အပြုသဘောဆောင်သည့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဒုက္ခသည်များ လူမှုသဟဇာတမဖြစ်၍ ပဋိပက္ခများ ဖြစ်ပေါ်ခြင်းကြောင့်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရ၍ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့်လည်းကောင်း၊ ဒုက္ခသည်များနေထိုင်ရာ IDP စခန်းများ ပေါ်ပေါက်လာကြောင်း၊ ထို့ပြင် သဘာဝဘေးအန္တရာယ်ကြောင့် ယာယီ IDP စခန်းများ ဖြစ်ပေါ်လာတတ်ကြောင်း၊ IDP စခန်းများ ရေရှည်တည်တံ့ခြင်းသည် မလိုလားအပ်သဖြင့် ပိတ်သိမ်းရန် အစီအစဉ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
IDP စခန်းများတွင် နေထိုင်ရသည့်အတွက် မူလအလုပ်အကိုင်ပျက်ပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ကလေးသူငယ်များ၏ ပုံမှန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အရေးဆုံးရှုံးရခြင်း၊ ပညာရေး၊ ကျန်းမာရေးလက်လှမ်းမမီခြင်း၊ လူငယ်များအနေဖြင့်လည်း တိုးတက်မှုနှင့် ပါဝင်ဆောင်ရွက်ခွင့်ဆုံးရှုံးရခြင်း၊ အမျိုးသမီးများ၏ ရပ်တည်မှု၊ ဖွံ့ဖြိုးမှုထိခိုက်ပြီး အကြမ်းဖက်ခံရမှု၊ လူကုန်ကူးမှုများဖြစ်နိုင်ခြေရှိခြင်း၊ ထိခိုက်လွယ်သည့် အုပ်စုများဖြစ်သော သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများနှင့် ကိုယ်ဝန်ဆောင်များကို အဓိကထိခိုက်မှုရှိကြောင်း၊ လူမှုပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများတွင် နောက်ဆက်တွဲဆိုးကျိုးများ ခံစားရကြောင်း၊ ဥပဒေအရ ရရှိသင့်သည့် အခွင့်အရေးများဆုံးရှုံးမှုများရှိကြောင်း၊ IDP စခန်းများတွင် နေထိုင်ခြင်းကြောင့် အထောက်အပံ့ ပံ့ပိုးကူညီမှုများကို မှီခိုနေထိုင်၍ လုပ်ရည်ကိုင်ရည်များ လျော့ကျလာကြောင်း စသည့်အကြောင်းရင်းများရှိကြောင်း သိရသည်။
ပြည်နယ်လေးခုရှိ မြို့နယ် ၁၅ ခုတွင် IDP စခန်းပေါင်း ၁၄၀ ကျော်ရှိပြီး လူဦးရေ ၁၆၀၀၀၀ ကျော်ရှိကာ IDP စခန်းများ ပိတ်သိမ်းရာတွင် နိုင်ငံတကာနှင့်ပူးပေါင်း၍ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်းနှင့် အစိုးသစ်လက်ထက် ၂၀၁၆ ခုနှစ် မေလမှစ၍ IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဖွဲ့စည်းခဲ့ပြီး ၎င်းကော်မတီအောက်တွင် လုပ်ငန်းကော်မတီတစ်ခုအနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
