Top News

မရမ်းကုန်းမြို့နယ်ရှိ ပုဂ္ဂလိက စာသင်ကျောင်း တစ်ကျောင်း၌ စာသင်ခန်းအတွင်း မီးခိုးငွေ့ဝင်၍ ကလေး ၂၀ ခန့် အပါအဝင် စုစုပေါင်းလူနာ ၂၄ ဦး မူးမေ့သတိလစ်ပြီး ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိ
24htopnews | December 13, 2024 5:12 PM CST

မရမ်းကုန်းမြို့နယ်ရှိ Educator English Language School အမည်ရှိ ပုဂ္ဂလိက စာသင်ကျောင်းတွင်​ ​မေ ၁၄ ရက်က စာသင်နေစဉ်​ အခန်းအတွင်းသို့ မီးခိုးငွေ့ဝင်ကာ ကလေး ၂၀ ဦးခန့် အပါအဝင်​ စုစုပေါင်းလူ ၂၄ ဦး မူးမေ့သတိလစ်သဖြင်​့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်ရှိလာကြောင်း ရန်ကုန်ဆေးရုံကြီးမှ ဆေးရုံအုပ်​ ဒေါက်တာခင်သိင်္ဂီမြင့်က ​ပြောကြားသည်။

“ကလေးတွေ​ ရောက်လာတာ ဟုတ်ပါတယ်။ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ပါဘူး။ အားလုံးအကုန် ကောင်းပါတယ်” ၎င်းက​ ပြောကြားသည်။

အဆိုပါ​ကျောင်းကို မရမ်းကုန်း (၂) ရပ်ကွက် ဦးအောင်ဇေယျလမ်းနှင့် အပေါ်ဗဟိုလမ်းအနီးတွင်​ ဖွင့်လှစ်ထားသည်။

ဖြစ်စဉ်မှာ ​မေ ၁၄ ရက်က စာသင်​နေစဉ်​ မီးပြတ်သဖြင့် မီးစက်နှိုးရာမှ မီးစက်ချို့ယွင်းပြီး အခန်းအတွင်း မီးခိုးငွေ့များဝင်ကာ​ ယင်းသို့ဖြစ်ပွားရခြင်းဖြစ်သည်။

လူနာများကို ပို့​ဆောင်​ရာတွင်​ လူနာတင်ယာဉ်​ ၁၁ စီးဖြင့် ပို့ဆောင်ခဲ့ပြီး မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေး အဖွဲ့မှ လူနာတင်ယာဉ်​ ခုနစ်စီး၊ မြန်မာ့ကြယ်ဖြူမှ တစ်စီးနှင့် လှိုင်လူမှု ကယ်ဆယ်ရေးမှ နှစ်စီးဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဖြစ်စဉ်က ၁၀ နာရီခွဲလောက်မှာ ဖြစ်တာပါ။ လူနာတွေကတော့ အရမ်းမစိုးရိမ်ရတော့ဘူး” ဟု မြတ်ကုသိုလ် လူမှုကယ်ဆယ်ရေးအဖွဲ့မှ အတွင်းရေးမှူး ကိုနိုင်မင်းသန့်က​ ပြောကြားသည်။

“ကျွန်တော်​ အဲဒီအနီးနားက လက်​ဖက်​ရည်​ဆိုင်​မှာ ​ထိုင်​​နေ​တော့ ၁၀ နှစ်​ခန်​့ က​လေးအရွယ် နှစ်​​ယောက်​က ထွက်​ပြီး အကူအညီ​တောင်​းတယ်​။ အဲဒီနားမှာ အစိုးရ တယ်​လီဖုန်​းလိုင်​း ပြင်​တဲ့သူ ခုနစ်ယောက်​​လောက် ရှိတယ်​။ သူတို့နဲ့ သွားကြည်​့တယ်​။ သွားကြည့်တော့ သူတို့​တွေက မူးလဲတဲ့သူလဲ၊ ငုတ်တုတ်ထိုင်​တဲ့သူက ထိုင်နေတယ်​။ အဲဒီလို အနေအထားနဲ့​ တွေ့ရ​တော့ ဝိုင်​းဝန်​းပြီး အပြင်ဆွဲထုတ်​ကြတယ်​။ အ​ရေး​ပေါ် လူနာတင် ယာဉ်​​တွေ​ခေါ်တယ်။ ​ခေါ်တဲ့အခါ မြတ်ကုသိုလ်ကို ကျွန်​တော် တာဝန်ယူပြီး ​ခေါ်လိုက်တယ်။ အချိန်မီ ဆေးရုံတွေကို အသီးသီး ပို့နိုင်ခဲ့တယ်။ ​ဆေးရုံမပို့ခင် ကျွန်တော်တို့ တတ်သလောက်​ ပြုစုခဲ့တယ်” ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူ တစ်ဦးက​ ပြောကြားသည်။

စိုးရိမ်ရသည့် အခြေအနေ မဟုတ်သဖြင့် ယင်းနေ့တွင်ပင် ဆေးရုံကြီးမှတစ်ဆင့် မိဘများထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK