Top News

အိမ်အကူ အမျိုးသမီးအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သည် ဟုဆိုသည့် ဥပဒေအရာရှိ အမျိုးသမီး အမှုတွင် သေဆုံးသူ၏ မိခင်က အမှုရုပ်သိမ်းလွှာတင်ထား
24htopnews | December 13, 2024 5:12 PM CST

တွံတေးမြို့နယ်တွင် အိမ်အကူအမျိုးသမီး ဒဏ်ရာများဖြင့် သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသူ  ဥပဒေအရာရှိ အမျိုးသမီးအမှုတွင် သေဆုံးသူ၏ မိခင်က အမှုရုပ်သိမ်းလွှာ တင်ထားသော်လည်း အောင်ရဲထွေး အမှုလို အဖြစ်မခံနိုင်ဟု တရားလို၏ ရှေ့နေဖြစ်သူ ဒေါ်စန်းစန်းမြင့်က မေ ၁၄ ရက်တွင် ပြောကြားသည်။

မေ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တရားရုံးတွင် ဖမ်းဆီးခံထားရသူ ဥပဒေအရာရှိ အမျိုးသမီးအား ရုံးထုတ်ခဲ့ပြီး ယနေ့ရုံးချိန်းတွင် နောက်ဆုံးကျန်သည့် ပြန်ခေါ်သက်သေမှာ ခရီးလွန်ပြီး မလာနိုင်သဖြင့် ရုံးချိန်းအား ထပ်မံချိန်းဆိုခဲ့သည်။

“ဒီနေ့ကတော့ နောက်ဆုံးကျန်တဲ့ ပြန်ခေါ်သက်သေကို စစ်ရမှာ။ ဒါပေမဲ့ သူကခရီးလွန်နေတော့ မစစ်ဖြစ်ဘူး။ ပြန်ခေါ်သက်သေက ခြောက်ယောက်စစ်ပြီးပြီ။ နောက်ဆုံးကျန်တာက သေဆုံးသူရဲ့ မိခင်ပါ။ အမှုစစ်တာက တစ်နှစ်နီးပါး ဖြစ်သွားပြီ။ တရားလို အပါအဝင် တရားလိုပြသက်သေ ၂၉ ယောက်ပါ။ အဲဒီထဲက ခုနစ်ယောက်ကို တရားဝင် ပယ်လိုက်ပါတယ်။ သေဆုံးသူရဲ့ မိခင်ဖြစ်သူက ရုပ်သိမ်းလွှာတင်ပါတယ်။ ဥပမာ ပြောရမယ်ဆို အောင်ရဲထွေး အမှုလိုပေါ့။ အောင်ရဲထွေး အမှုတုန်းက တရားလိုကတော့ သူ့ရဲ့မိသားစုဝင်တွေပါ။ ရုပ်သိမ်းလွှာ တင်သွားတယ်။ အခုဒီအမှုမှာ သေဆုံးသူရဲ့ မိခင်က ဥပဒေရုံးကို တရားဝင် ရုပ်သိမ်းလွှာ တင်တယ်လို့ သိရတယ်။ အဲဒီအပေါ်မှာ ဥပဒေရုံးက သူတို့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပါတယ်” ဟု သေဆုံးသူ မကရင်မဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

အိမ်အကူ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသော ဥပဒေအရာရှိ အမျိုးသမီးကို တရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၂) ဖြင့် စွဲချက်တင်ထားသည်။

 


READ NEXT
Cancel OK