အော်လ်မို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်
24htopnews | December 13, 2024 4:12 PM CST
ဘာစီလိုနာကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုသည် လာမည့် ဇန်နဝါရီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် အသင်းမှထွက်ခွာနိုင်ကြောင်း သိရှိရသည်။
ဘာစီလိုနာအသင်းသည် အော်လ်မို(၂၆ နှစ်)အား ပြီးခဲ့သည့်နွေကမှ ယူရိုသန်း (၆၀) ဝန်းကျင်ဖြင့် ခေါ်ယူခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးကျပ်တည်းမှုကြောင့် အော်လ်မိုကို ရာသီဝက်အတွက်သာ စာရင်းသွင်းထားကြောင်း သိရသည်။
ဘာစီလိုနာအသင်းအနေဖြင့် အော်လ်မိုအား ဒုတိယရာသီဝက်အတွက် စာရင်းသွင်းနိုင်ခြင်းမရှိပါက ကစားသမားအနေဖြင့် အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်ကို ဖျက်သိမ်းကာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာနိုင်ကြောင်း သိရသည်။
ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာကမူ ၎င်းတို့အနေဖြင့် အော်လ်မိုအား ဒုတိယရာသီဝက်အတွက် စာရင်းသွင်းနိုင်စွမ်းရှိကြောင်း ပြောကြားခဲ့သည်။
အော်လ်မိုသည် ယခုရာသီ လာလီဂါ (၉)ပွဲတွင် (၅) ဂိုးသွင်းယူထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
