ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲသည် အကောင်းဆုံးကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိမည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက အတည်ပြုကြေညာခဲ့ပြီးနောက် စီရော်နယ်လ်ဒိုက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
''ဒါက အံ့အားသင့်စရာပါပဲ။ ကျွန်တော် ဒီလို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ အရမ်း၊ အရမ်း အရမ်းကို ကောင်းပါတယ်။ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အကောင်းဆုံးကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော့်အမြင်အရ ဆော်ဒီနိုင်ငံရဲ့ အနာဂတ်က အရမ်းကို တောက်ပနေပါတယ်။ ဆော်ဒီတွေက သင်ယူလိုစိတ်ရှိတဲ့သူတွေဖြစ်ပြီး ကျွန်တော့်အတွက်တော့ ဒါဟာ အရမ်းအရေးကြီးပါတယ်။ ဒီ နေ့ ကျွန်တော် တွေ့နေတဲ့ ကလေးတွေထဲက တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ကြိုမသိနိုင်ပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မျှော်လင့်ပါတယ်''ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။
ဆော်ဒီနိုင်ငံသည် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရာ၌ မြို့ကြီး(၅)မြို့မှ ကွင်း(၁၅)ကွင်းတွင် ကျင်းပသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
