လီဗာပူးလ်အသင်းသည် ယခုရာသီ၌ အနည်းဆုံးဖလားတစ်လုံးရရှိရန် (၁း၃)လေး သတ်မှတ်ခံထားရကြောင်း သိရသည်။
လီဗာပူးလ်အသင်းသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒုတိယနေရာမှ ချယ်လ်ဆီးအသင်းကို တစ်ပွဲလျော့(၄)မှတ်အသာဖြင့် ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၆)ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်လျက်ရှိသည်။
လီဗာပူးလ်အသင်းသည် လိဂ်ဖလားပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်သို့ ရောက်ရှိနေပြီး ဆောက်သမ်တန်နှင့် ဆုံတွေ့ရမည်ဖြစ်သလို၊ FA ဖလားပြိုင်ပွဲတွင်လည်း တတိယအဆင့်၌ League Two ကလပ် အက်ကရင်တန်အသင်းနှင့် ဆုံတွေ့ရမည်ဖြစ်သည်။
လီဗာပူးလ်အသင်း၏ လက်ရှိခြေစွမ်းအရ အဆိုပါ ဖလား(၄)လုံးထဲမှ အနည်းဆုံးတစ်လုံး ရရှိလိမ့်မည်ဟု လောင်းကစားကုမ္ပဏီများက ယုံကြည်နေခြင်းဖြစ်သည်။
ထို့ကြောင့် (၁း၃)လေး ပေးထားသလို၊ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဖလားနှစ်လုံးရရှိရန်အတွက် (၁၃း၂)လေး၊ FA ဖလားအပါအဝင် ဖလားသုံးလုံးရရှိရန်အတွက် (၄ဝး၁)လေး၊ ဖလား(၄)လုံးရရှိရန်အတွက် (၁၅ဝး၁)လေး သတ်မှတ်ထားကြောင်းလည်း သိရသည်။
ထို့ပြင် လီဗာပူးလ်အသင်းအနေဖြင့် ဖလားတစ်လုံးမှ ရယူနိုင်ခြင်းမရှိသည့်ဘက်မှ လောင်းမည်ဆိုပါက (၉း၄)လေး သတ်မှတ်ပေးထားကြောင်းလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
