Top News

■ အသင်းဟောင်း မိုလ်ဒီ၏ ကမ်းလှမ်းမှုကို ဆိုးလ်ရှား ငြင်းပယ်     
24htopnews | December 13, 2024 4:12 PM CST

မန်ယူအသင်း၏ နည်းပြဟောင်း ဆိုးလ်ရှားသည် အသင်းဟောင်း မိုလ်ဒီအသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရသည်။ 

ဆိုးလ်ရှားသည် မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် လက်ရှိအချိန်တွင် အသင်းလက်မဲ့ ဖြစ်နေသူဖြစ်သည်။

မိုလ်ဒီအသင်း၏ တတိယအကြိမ်မြောက် လက်တွဲရန် ကမ်းလှမ်းမှုကို ဆိုးလ်ရှားက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆိုးလ်ရှားသည် ၂၀၂၁ ခုနှစ်တွင် မန်ယူအသင်းနှင့်လမ်းခွဲပြီးနောက် ဥရောပထိ်ပ်တန်းအသင်းအချို့ထံမှ ကမ်းလှမ်းမှုရရှိခဲ့သော် လည်း လက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။

ဆိုးလ်ရှားအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လာရန် ဆန္ဒရှိနေပြီး ပရီးမီးယားလိဂ်ကလပ်အသင်းများ၏ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 


READ NEXT
Cancel OK