နယူးကာဆယ်အသင်းမှ အီတလီကွင်းလယ်ကစားသမား တိုနာလီ၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားအနေဖြင့် စီးရီးအေတွင် ပြန်ကစားရန် စီစဉ်နေသည်ဆိုခြင်းမှာ ကောလာဟလသတင်းများသာဖြစ်ကြောင်း ငြင်းဆန်ခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ တိုနာလီသည် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းမှ နယူးကာဆယ်အသင်းထံသို့ ယူရိုသန်း (၇၀) ဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သည်။
၎င်းသည် နယူးကာဆယ်ကစားသမားဘဝ အစပိုင်းခြေစွမ်းပြနိုင်ခဲ့သော်လည်း လောင်းကစားပြုလုပ်မှုဖြင့် (၁၀) လ ဘောလုံးကစားခြင်း ပိတ်ပင်ခံခဲ့ရသည်။
ဘောလုံးပြန်ကစားခွင့်ရပြီးနောက် တိုနာလီအနေဖြင့် ပွဲများ ပြန်ကစားနေသော်လည်း ယခင်လိုခြေစွမ်းမျိုး ရရှိရန် ရုန်းကန်နေရသည်။
ထို့ကြောင့် တိုနာလီအနေဖြင့် စီးရီးအေသို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း အသင်းဟောင်း အေစီမီလန်က ၎င်းကို ခေါ်ယူလိုနေသည်ဟု သတင်းထွက်ပေါ်ခဲ့သည်။
ယခုအခါ တိုနာလီ၏အေးဂျင့်က "ဆန်ဒရို(တိုနာလီ)ရဲ့ ဆုံးဖြတ်ချက်က ရှင်းလင်းပါတယ်။ စီးရီးအေမှာ ပြန်ကစားဖို့ သူ မစဉ်းစားပါဘူး။ နယူးကာဆယ်မှာ ကစားရတာကိုရော၊ ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ ကစားနေရတာကိုရော သူ ပျော်ရွှင်နေပါတယ်။ သူက နယူးကာဆယ်ပရိသတ်တွေ သဘောကျတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
