Top News

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီး လည်ပတ်ရန် ရုရှားရေတပ်မှ တပ်ဖွဲ့ဝင် ၈၀၀ ခန့် ပါဝင်သည့် စစ်ရေယာဉ်များ ရန်ကုန်မြို့သို့ရောက်ရှိ
24htopnews | December 13, 2024 3:12 PM CST

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေး ခရီးလည်ပတ်ရန်အတွက် ရုရှားရေတပ်မှ ဖျက်သင်္ဘော(Destroyer)များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် မြန်မာနိုင်ငံတော်သို့ ပထမအကြိမ်အဖြစ်  နိုဝင်ဘာ ၂ ရက်ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်းသိရသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာ လည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်း အခြေပြုလေ့ကျင့်ခန်း(Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

ယခုပြုလုပ်မည့် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းသည် မြန်မာ့တပ်မတော်က ထုတ်ပြန်ထားသည့် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ ပြုလုပ်မည့် ရေကြောင်းလုံခြုံရေးပင်လယ်ပြင် လေ့ကျင့်ခန်းများ နှင့် ဆက်စပ်မှု ရှိ မရှိ မသိရှိရပေ။

ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်၌ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရေပြင်၊ ဝေဟင်၊ ရေအောက်လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ(Live Firing) ပါဝင်သည့် ရေကြောင်းလုံခြုံရေးပင်လယ်ပြင် လေ့ကျင့်ခန်းများဆောင်ရွက်မည်ဖြစ်ကြောင်းမည်ဖြစ်ပြီး ယင်းလေ့ကျင့်ခန်းများ ဆောင်ရွက်မည့် ဧရိယာမှ ၅ မိုင်ပတ်လည်တွင် သင်္ဘောများ ဖြန်သန်းသွားလာခြင်း၊ အမြင့်ပေ(၁၅၀၀၀)အောက် လေယာဉ်၊ ရဟတ်ယာဉ်များ ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် မြန်မာတပ်မတော်က အောက်တိုဘာ ၂၅ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။


READ NEXT
Cancel OK