ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၁၈ ဦး တင်ဆောင်လာသည့် မော်တော်းယာဉ် တစ်စီးသည် နိုဝင်ဘာ ၁ ရက် နံနက် ၆ နာရီခွဲ ခန့်က တိမ်းမှောက်ခဲ့ပြီး လိုက်ပါ စီးနင်းလာသည့် မြန်မာနိုင်ငံသား အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
အထောက်အထားမဲ့ မြန်မာ နိုင်ငံသားများ တင်ဆောင်လာသော မော်တော်ယာဉ်သည် ဆွမ်ဖောင်ခရိုင် စလွေမြို့ ဗန်းဖလရွာ စစ်ဆေးရေးဂိတ်တွင် အစစ်ဆေး မခံဘဲ မောင်းနှင်ထွက်ပြေးသွားခြင်းကြောင့် ထိုင်း နိုင်ငံ ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးခဲ့ရာ ဗန်းဖရုလမ်းသို့ ဝင်ရောက်စဉ် တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့မော်တော်ယာဉ်တိမ်းမှောက်သွားခြင်းကြောင့် ကလေးငယ်အပါဝင် မြန်မာအမျိုးသမီး ၁၀ ဦး ၊ အမျိးသား ၈ ဦး နှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦး ဦး အပါဝင် စုစုပေါင်း ၁၉ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများသည် လူကယ်ရီပွဲစားအား တစ်ဦးလျှင် မြန်မာကျပ်ငွေ သိန်း၂၀ ကျော်ထိ ပေးဆောင်ပြီး လာခဲ့ကြသူများဖြစ်ကြောင်း သိရသည်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌ ဦးမိုးကြိုးက"
ပြည်တွင်းမှာ အလုပ်အကိုမည်မျှပင် ရှားပါးနေစေကာမူပြည်ပနိုင်ငံသိူ့ တရားမဝင် သွားရောက်ခြင်း မပြုသင့်ပါဘူး၊ခုဆိုရင်တရားဝင် MoU လုပ်သားအဖြစ်သွားလို့ရနေပါပြီး။တရားမဝင် သွားကြတော့ ငွေလည်းကုန် လူလည်းအဖမ်းခံရ၊ခုဆိုရင်ကားမှောက် ဒဏ်ရာရ၊အတော်လည်း စိတ်မကောင်းစရာပါ"ဟုဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
