ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဆက်သွယ်ရာ မံစီ-နမ့်ခမ်းလမ်းပေါ်ရှိ ရွှေလီတံတားလုံခြုံရေးစခန်း တိုက်ခိုက်ခံရပြီး နမ့်ခမ်းမြို့တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့ ယနေ့(နိုဝင်ဘာ ၃ ရက်)၌ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ရွှေလီကြိုးတံတားစခန်းအား တိုက်ခိုက်ခဲ့ပြီး ယင်းနေရာသို့ ဝင်ရောက်နေရာယူထားမှုအား တပ်မတော်မှ စစ်ကူလာသည့် စစ်ကြောင်းများနှင့် TNLA အဖွဲ့တို့ နမ့်ခမ်းမြို့နယ် အောင်မြတ်သာရပ်ကွက်၌ ယနေ့နံနက်ပိုင်းအချိန်မှ စတင်ကာ ထိတွေ့ တိုက်ပွဲဖြစ်ပွားရာမှ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ပိတ်မိနေကာ ကလေးငယ်တစ်ဦး လက်နက်စထိမှန်ခဲ့ကြောင်းသိရသည်။
“တိုက်ပွဲက မနက်အစောကြီး ကဖြစ်နေတာ။ ကျွန်တော်တို့ အသိထဲက ကလေး ထိထားတယ်လို့ကြားတယ်။ အခုဘယ်မှ သွားလို့မရဘူး။ အိမ်ထဲမှာဘဲနေနေရတယ်။ လေကြောင်း ပစ်ကူတွေပါပါတယ်။ တိုက်ပွဲကပြင်းထန်နေပါတယ်” ဟု ဒေသခံတစ်ဦးက Eleven Media ကိုပြောကြားသည်။
နိုဝင်ဘာ ၂ ရက်က နမ့်ခမ်းမြို့နှင့် မန်းဝိန်းကြီးမြို့ကို ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားရှိ ရဲကင်းစခန်းကို TNLA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး အဆိုပါတံတားနားရှိ တပ်မတော်စခန်းကို ထပ်မံတိုက်ခိုက်၍ ၎င်းနေရာအား ရယူထားကြောင်း TNLA က ထုတ်ပြန်သည်။
အဆိုပါ နမ့်ခမ်းမြို့နှင့် မန်းဝန်းကြီးမြို့တို့ကိုဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ကို ဆက်သွယ်ထားသော အဓိကတံတားတစ်စင်းဖြစ်ပြီး ယခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် ရှမ်းမြောက်ပြည်ထောင်စုလမ်းမကြီးများပိတ်ထားရာ လမ်းများအသုံးပြု၍မရစဉ် ဒေသခံများက နမ့်ခမ်းကြိုးတံတားမှ ဖြတ်သန်းသွားလာကြရာ နမ့်ခမ်း မန်းဝန်းကြီး နမ့်ပါး ဗန်းမော်လမ်းကို အားထားအသုံးပြုနေသောလမ်းဖြစ်သည်။
ထိုပြင် မူဆယ်မြို့နယ် မုံးပေါ်ဒေသအား လက်နက်ကိုင်အဖွဲ့များက ယနေ့(နိုဝင်ဘာ ၃ ရက်) နံနက်ပိုင်းမှစတင်၍ တိုက်ခိုက်ခဲ့ကြောင်းနှင့် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ တပ်မတော် စခန်းသို့ လက်နက်ကိုင်များက ယနေ့(နိုဝင်ဘာ ၃ ရက်) နံနက် ၁၀ နာရီခွဲခန့်က Drones များဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
