Top News

သံဖြူဇရပ်မြို့နယ် ကျိုက်နဲ ရေလယ်ဘုရားပွဲ ယခုနှစ်တွင် ကျင်းပမည်မဟုတ်ကြောင်း ဂေါပက အဖွဲ့ဝင်တစ်ဦး ပြောကြား
24htopnews | December 13, 2024 3:12 PM CST

မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ အံခဲကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်ကို ယခုနှစ်တွင် ကျင်းပမည် မဟုတ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားပွဲလာမည့် ပြည်သူများကို လုံခြုံ ရေး အပြည့်အဝ မပေးနိုင်သောကြောင့် ဘုရားပွဲ ကျင်းပမည် မဟုတ်ကြောင်း ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အခြေအနေတွေက တည်ငြိမ်မှုမရှိလို့ ဘုရားပွဲကို ကျင်းပသွားမှာ မဟုတ်ဘူး။ ဒါပေမယ့် တန်ဆောင်မုန်လဆန်း ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ အစဉ်အလာကို ထိန်းသိမ်းသည့် အနေနဲ့ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းနဲ့ ဘုရားဆွမ်းကပ်ခြင်း အစီအစဉ်ပဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်”  ဟု ၎င်းကဆိုသည်။

ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ်ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်၂ ရက်နေ့ညမှ ၃ ရက်နေ့ နံနက်ပိုင်း အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ ရှိကြောင်း သိရသည်။

ကျိုက်နဲရေလယ်ဘုရားသည် ဘုရားပွဲတော်ရက်တွင် ပေါ်လာတတ်သည့် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း)ကြောင့် မွန်ပြည်နယ်အတွင်းသာမက အနယ် နယ်အရပ်ရပ်ထိပါ နာမည်ကျော်ကြား လူသိ များခဲ့ပြီး ဘုရားပွဲရက်တွင် ဘုရားဖူး သောင်း နှင့်ချီ လာရောက်ဖူးမြော်လေ့ရှိသည်ဟု ဒေ သခံတို့ထံမှ သိရသည်။

၂၀၂၁ ခုနှစ်က ကျိုက်နဲ ရေလယ်ဘုရားပွဲတော်တွင် ကျောက်ခင်းလမ်း (ဒေသအခေါ် နတ်လမ်း) ပေါ် လမ်းလျှောက် သွားရင်း ပင်လယ်ရေလှိုင်းရိုတ်ခတ်ခြင်း ကြောင်း အနယ်နယ်အရပ်ရပ်က ဘုရားဖူး များ ရေထဲမျောပါနစ်မြုပ်ပြီး ဘုရားဖူး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ များ၏ ပြောကြားချက်များ အရ သိရသည်။

 


READ NEXT
Cancel OK