ဆန်စပါးစျေး တည်ငြိမ်မှန်ကန်စေရေး နှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်သည့်သိုလှောင်ရုံအားလုံး နိုဝင်ဘာ ၃ ရက်မှစ၍ မှတ်ပုံတင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက နိုဝင်ဘာ ၃ ရက် နေ့စွဲဖြင့် ထုတ်ပြန် ထားကြောင်း သိရသည်။
ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပ သို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စ ပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန် စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျစာရင်းပြုစုမှတ်ပုံတင်ထား နိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့်ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသို လှောင်ရုံ လုပ်ငန်းများအနေဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှစတင်၍ online registration စနစ်ဖြင့် Myanmar rice online (MYRO) – www. Myro.com.mm တွင် မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိ ရသည်။
ယင်းသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် ၅၀ သို့မဟုတ် စပါးတင်း ၅၀၀၀ နှင့်အထက် သို လှောင်သည့် သိုလှောင်ရုံအားလုံး အကျုံးဝင် မည်ဖြစ်သည်။
သို့ဖြစ်ရာ ဆန်စပါးသိုလှောင်ရုံမှတ် ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိ လိုပါက စားသုံးသူရေးရာဦးစီးဌာန (၀၆၇- ၃၄၃၀၅၆၃၊၀၆၇-၃၄၃၀၁၃၁) နှင့် Myanmar international trade center ၊ အမှတ် ၆၂၂/၆၂၆၊ ကုန်သည်လမ်း၊ ပန်းဘဲတန်းမြို့ နယ်၊ ရန်ကုန်မြို့ (၀၁-၃၈၅၃၂၃) သို့ ဆက် သွယ်မေးမြန်းနိုင်ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှုသည် ယခင်နှစ်ထက် လျော့ ကျနေသော်လည်း လက်ရှိတွင် G to G အစီ အစဉ်များအပြင် တရုတ်၊ အီးယူစျေးကွက်နှင့် အာဆီယံနိုင်ငံများကပါ မြန်မာ့ဆန်ဝယ်ယူမှု တိုးမြှင့်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။
“ဆန်ပြည်ပတင်ပို့မှုနဲ့ပတ်သက်လို့ဆို ရင် ကျွန်တော်တို့ တတ်နိုင်သမျှ G to G အစီ အစဉ်တွေရှိတယ်။ အခုဆိုရင် အများဆုံးဝယ် နေတာက တရုတ်နိုင်ငံနဲ့ ဥရောပစျေးကွက် ပေါ့နော်။ အခုဆို အိမ်နီးချင်းအာဆီယံနိုင်ငံ တွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင် ဒီနိုင်ငံတွေကလည်း တိုးမြှင့်ပြီး ဝယ်လာတာ တွေ့ရပါတယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြား ခဲ့သည်။
“တန်ချိန် နှစ်သန်းဝန်းကျင်ပို့မယ်မှန်းပါ တယ်။ ဒါပေမဲ့ မနှစ်ကနဲ့စာရင် နည်းနေသေး တယ်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ မှာ တင်ပို့နိုင်တဲ့အနေအထားပေါ့။ အောက်တို ဘာကနေ မတ်လအထိ ခြောက်လကတော့ ပို့ကုန်ရာသီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လဆို ဆန် ပြည်ပတင်ပို့မှုက ဒေါ်လာသန်း ၄၀ ကျော် ဝင်ငွေရပါတယ်” ဟု ဦးရဲမင်းအောင်က ပြော ကြားသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ ဆန်တန်ချိန် ၄၉၂၆၀ ကျော်တင်ပို့ခဲ့ပြီး အီးယူ အဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၁၀၁၉၀ ကျော်ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
