အမေရိကန်အစိုးရက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အောက်တိုဘာ ၃၁ ရက်တွင် အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အမေရိကန်နိုင်ငံအနေဖြင့် အရေးယူပိတ်ဆို့လိုက်သည်ဆိုသော်လည်း နစက၏ အဓိကပြည်ပဝင်ငွေ အရင်းအမြစ်ဖြစ်သော MOGE ကို အပြည့်အဝပိတ်ဆို့ခြင်းမရှိဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာနက ပထမဆုံးဖော်ပြခဲ့သော အရေးယူမှုပုံစံသည် အမေရိကန်နိုင်ငံသားများက ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအတွက် အချို့သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းများကို တားမြစ်လိုက်ခြင်းဖြစ်ရာ နိုင်ငံပိုင်လုပ်ငန်းကို ပထမဆုံး တိုက်ရိုက်အရေးယူမှုဖြစ်လာသည်။
ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများတွင် ချေးငွေများ၊ စာရင်းများ၊ အာမခံ၊ ရင်းနှီးမြှုပ်နှံမှုများ၊ အခြားဝန်ဆောင်မှုများ ပါဝင်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန လမ်းညွှန်ချက်အရ သိရသည်။
အမေရိကန်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို အထူးရွေးချယ်ထားသော ပိတ်ဆို့ခံ နိုင်ငံသားများစာရင်းတွင် ထည့်သွင်းခြင်းမရှိပေ။ အထူးပိတ်ဆို့ခံနိုင်ငံသားများ စာရင်းတွင် ထည့်သွင်းခံရသူများသည် အမေရိကန်ဘဏ်စနစ်မှ ထိရောက်စွာ ထုတ်ပယ်ခံရမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားများနှင့် ကုန်သွယ်မှုလုပ်ဆောင်ခြင်းလည်း ပိတ်ပင်ခံရမည်ဖြစ်ကာ ပိတ်ဆို့ခံပုဂ္ဂိုလ်၏ အမေရိကန်တွင်ရှိသော ပိုင်ဆိုင်ပစ္စည်းများလည်း ထိန်းချုပ်ခံရမည်ဖြစ်သည်။
အမေရိကန်သည် လုပ်ငန်းသုံးခုနှင့် လူပုဂ္ဂိုလ်ငါးဦးတို့ကိုလည်း အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။ အဆိုပါလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များသည် မြန်မာ့တပ်မတော်နှင့် ဆက်စပ်နေသည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ယခုအရေးယူမှုများကို ဗြိတိန်၊ ကနေဒါတို့နှင့် ချိတ်ဆက်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
“ဒီကနေ့ ပစ်မှတ်ထား အရေးယူလိုက်တာတွေကတော့ အရေးယူတာတွေကို တိမ်းရှောင်တဲ့နေရာတွေကို ပိတ်လိုက်တာဖြစ်ပါတယ်။ နစကရဲ့လုပ်ရပ်တွေအတွက် တာဝန်ခံမှုမြှင့်တက်လာစေဖို့နဲ့ အရေးယူတာတွေ လုပ်ဖို့ ကျွန်တော်တို့ရဲ့ကြိုးပမ်းမှုတွေကို အားကောင်းစေပါတယ်။ နစကဆီကို လက်နက်တွေ၊ လေယာဉ်ဆီတွေ၊ ဝင်ငွေတွေ ရောက်သွားတာ ဟန့်တားဖို့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အစီအမံတွေချမှတ်ရေးအတွက် နိုင်ငံအားလုံးကို ကျွန်တော်တို့ဆက်လက် တိုက်တွန်းနေပါတယ်” ဟု သီးခြားထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဖော်ပြထားသည်။
ဗြိတိန်သည် နစကအတွက်ဘဏ္ဍာရေးကိစ္စများ လုပ်ဆောင်ပေးခြင်း သို့မဟုတ် လေယာဉ် အစိတ်အပိုင်းများအပါအဝင် ပိတ်ပင်ထားသော ကုန်ပစ္စည်းများပံ့ပိုးခြင်းတို့ လုပ်ဆောင်ရာတွင် ပါဝင်ပတ်သက်နေသော လူပုဂ္ဂိုလ်ငါးဦးနှင့် လုပ်ငန်းတစ်ခုတို့ကို အရေးယူသည့် စာရင်းထဲ ဖြည့်စွက်ခဲ့သည်။
ကနေဒါနိုင်ငံကလည်း နစကကို ထောက်ပံ့သည့်အတွက် လူပုဂ္ဂိုလ် ၃၉ ဦးကိုလည်းကောင်း၊ လုပ်ငန်း ၂၂ ခုကိုလည်းကောင်း ပိတ်ဆို့မှုများချမှတ်ခဲ့သည်။
ယင်းသို့ အရေးယူပိတ်ဆို့မှုများချမှတ်ရာတွင် ဗြိတိန်နှင့် ကနေဒါတို့သည် ၎င်းတို့၏ ထုတ်ပြန်ချက်များ၌ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဖော်ပြထားခြင်းမရှိပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
