Top News

ကျိုက်ထိုမြို့နယ် ကျွန်းတော ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရီးသည်ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိ
24htopnews | December 13, 2024 3:12 PM CST

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျွန်း တော ကျေးရွာအနီး ရန်ကုန် - မော်လမြိုင်ကား လမ်းတွင် နိုဝင်ဘာလ ၁ ရက် ည ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က  ခရီးသည်တင်မှန်လုံယာဉ် တစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ခရီးသည် ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ များထံမှ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည့် မှန်လုံ ယာဉ်မှာ ‘အောင်ကျော်မိုး’ ယာဉ်လိုင်းမှဖြစ်‌ ကြောင်း၊ ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်နှင့် ခရီးသည် ၄၀ ဦးခန့်လိုက်ပါ လာကြောင်းနှင့် ရန်ကုန်ဘက်မှ မော်လမြိုင် ဘက်သို့ မောင်းနှင်လာစဉ် မိုင်းဆွဲခံရခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မှန်လုံယာဉ်မိုင်း ဆွဲခံရတဲ့နေရာက ကျွန်းတောကျေးရွာ၊ ရန်ကုန် - မော်လမြိုင်ကားလမ်း‌ဘေးရှိ PT Power စက်သုံးဆီ အရောင်းဆိုင်အနီးမှာ ဖြစ်သွားတာ။ ခရီးသည်(ကျား) လေး ဦး၊ (မ)လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရ ပါတယ်” ဟု ပြောကြားသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းဒေသခံ က ဆိုသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဘီးလင်း မြို့နယ် နှင့် သထုံမြို့နယ်မျအတွင်းရှိ ရန်ကုန် - မော်လမြိုင် အဝေးပြေးကားလမ်းတွင် ပစ် ခတ်တိုက်ခိုက်မှုများ၊ မိုင်းထောင်ဖောက်ခွဲမှု များ မကြာခဏဖြစ်ပွားလေ့ရှိရာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်းကလည်း သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာဆိုင် ကျေးရွာအနီးတွင် ဘုရားဖူးယာဉ်တစ်စီး မိုင်း ဆွဲတိုက်ခိုက်ခံရကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

 

 

 

 

 

---------

 


READ NEXT
Cancel OK