အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းဒေသ ၂၁ ဌာန သို့ ဒေသစာရီ ကြွချီ အပူဇော်ခံခြင်း ခရီးစဉ် ပြီးဆုံး၍ ကျောင်းတော် ပြန်လည်ပင့်ဆောင် ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့ နယ် သာလေးကျေးရွာအုပ်စု နမ့်ဟူးရွာရှိ အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ် ရှင် တော်မြတ်များ အင်းဒေသ ၂၁ ဌာန သို့ ဒေသစာရီ ကြွချီ အပူဇော်ခံခြင်း ခရီးစဉ်ပြီး ဆုံး၍ နိုဝင်ဘာ ၁ ရက်တွင် မူလ သီတင်းသုံး ရာဖြစ်သော ရတနာစံကျောင်းတော်သို့ ပြန် လည် ပင့်ဆောင် ပူဇော်ခဲ့ကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံခြင်း ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ ရက် အောက်တိုဘာလ ၁၅ ရက်မှ စတင်၍ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ နိုဝင်ဘာလ ၁ ရက်တွင် မူလ သီတင်း သုံးရာ ဖြစ်သော ရတနာစံကျောင်းတော်သို့ ပြန်လည် ပင့်ဆောင် ပူဇော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံ ပွဲတော် သည် သုံး နှစ်တိုင် ကျင်းပနိုင်ခြင်း မရှိဘဲ ပြန် လည်ကျင်းပသဖြင့် ဒေသခံ တိုင်းရင်းသားများ ပူဇော်ကန်တော့ကြပြီး ဘုရားဖူးလာ ဧည့်ပရိ သတ်များ စည်ကား များပြားခဲ့ခြင်း ရှိကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီ ကြွချီအပူ ဇော်ခံ ပွဲတော် တစ်လျှောက် ကျေးရွာပေါင်း ကိုးဌာနတွင် ရွှေပြား ၁၀ ကျပ်သား ကျော် ကပ်လှူ ပူဇော်ခဲ့ကြောင်း အင်းလေးဖောင် တော်ဦးဘုရား ရုပ်ရှင်တော်မြတ်များ ဒေသ စာရီ လှည့်လည်ခြင်း ဘုရားဂေါပကအဖွဲ့ ထံမှ သိရသည်။
အင်းလေးကန်ရှိ ကျေးရွာပေါင်း ကိုး ဌာန တို့တွင် ရွှေပြားပေါင်း ၁ဝကျပ်သား ၁၃ ပဲ ၊ ၂ ရွှေးတို့ကို ကပ်လှူပူဇော်ခဲ့ခြင်း ဖြစ်ကာ ရွှေပြားများကို သီးခြား ကပ်လှူပူဇော်ခြင်း ဖြစ်ကြောင်း၊အဆိုပါ ကျေးရွာများမှာ အင်း ပေါ ခုန်၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ် ချောင်း၊ ကြေး စား ၊ ပွဲစားကုန်း၊ သလဲဦး၊ ရေ သာ စသည့် ကျေးရွာများ ဖြစ်ကြောင်း အင်း လေးဖောင် တော်ဦးဘုရား ရုပ်ရှင်တော်မြတ် များ ဒေသ စာရီ လှည့်လည်ခြင်း ဘုရား ဂေါပက အဖွဲ့ ထံမှ သိရသည်။
အင်းပေါခုန်ကျေးရွာ တွင် ဒေသခံများ က ရွှေအလေးချိန်အားဖြင့် ၄ ကျပ်သားကျော် ၅ ကျပ်သား နီးပါး ရှိသော ရွှေပြား သင်္ကန်း များကို အင်းပေါခုန် ဒါယကာများနှင့် ရပ်ဝေး ရပ်နီး အလှူရှင်များ စုပေါင်း၍ ကပ်လှူပူဇော် ခဲ့ကြောင်း သိရသည်။
အင်းလေး ဖောင်တော်ဦး ရုပ်ရှင်တော် မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံခြင်း ပွဲ တော် ကျင်းပနိုင်ခြင်း မရှိသောသုံးနှစ် အ တွင်း ထိုသို့ ရွှေပြား ကပ်လှူခြင်း မပြုလုပ်နိုင် ခဲ့ကြောင်း သိရသည်။
အင်းလေးကန် ဖောင်တော်ဦး ရုပ်ရှင် တော်မြတ်များ ဒေသစာရီ ကြွချီအပူဇော်ခံ ပွဲတော် သည် ရှမ်းပြည်နယ်တွင် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်ပြီး ရက်အရှည်ကြာဆုံး ပွဲ တော် တစ်ခုလည်း ဖြစ်ပါသည်။
ယခုနှစ်တွင် အင်းရိုးရာ လှေလှော်ပြိုင် ပွဲများကိုလည်း ထည့်သွင်းကျင်းပနိုင်ခဲ့ပြီး ဧည့်ပရိသတ် အများအပြား တို့က လာရောက် ကြည့်ရှု အားပေးခဲ့ကြခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
