ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာ အလုပ်သမားများအား Certificate of Identity (CI) ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်နောင်သည် တရုတ်နိုင်ငံ ကွမ်ရှီး ကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ နိုဝင်ဘာ ၃ ရက်မှ ၄ ရက်အထိ ပြုလုပ်မည့်ဖိုရမ် သို့ သွားရောက်စဉ် သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင် ရာလေဆိပ်သို့ရောက်ရှိစဉ် ထိုင်းအလုပ်သမား ဝန်ကြီးနှင့် ထိုင်းနိုင်ငံဘက်မှ အလုပ်သမား ရေးရာ တာဝန်ရှိသူများနှင့်အထူးဧည့်သည် တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံ အလုပ်သ မားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ(MoU ) သက်တမ်းတိုး လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ MoU လူ သစ်စေလွှတ်ခြင်းနှင့် MoU U Turn စနစ်ဖြင့် လူဟောင်း ပြန်လည်စေလွှတ်ခြင်းများအတွက် နှစ်နိုင်ငံ ပူးပေါင်းအကောင်အထည်ဖော်နိုင် ရေးလုပ်ငန်းစဉ်များ၊ ထိုင်းနိုင်ငံတွင် ယာယီနေ ထိုင်အလုပ်လုပ်ကိုင်ခွင့်အတွက် အမည်စာ ရင်း တင်သွင်းထားသည့် အလုပ်သမားများကို (ပန်းရောင်ကတ်) ထုတ်ပေးနိုင်ရေး ကိစ္စရပ် များ၊ အထောက်အထားမဲ့ မြန်မာအလုပ်သ မားများအား Certificate of Identity (CI) ဖြင့် တရားဝင် နေထိုင်လုပ်ကိုင်ခွင့် ရရှိစေရေး အတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များတွင် နှစ်နိုင်ငံအကျိုးရလဒ်ကောင်းများ ပေါ်ထွက်စေရေး ဆွေးနွေးညှိနှိုင်းခဲ့သည်ဟု သိရသည်။
အမည်စာရင်းတင်ပြထားသည့် မြန်မာ လုပ်သားများအပါအဝင် ပြည်ပလုပ်သားများ ကို ၂၀၂၅ ခုနှစ်အထိ ယာယီနေထိုင်အလုပ် လုပ်ကိုင်ခွင့်ပြုကြောင်း ထိုင်းအစိုးရက ထုတ် ပြန်လိုက်သည်ဟု ထိုင်းနိုင်ငံရှိ မြန်မာအစိုးရ သံအရာရှိရုံးက သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၅ ရက်တွင်ပြုလုပ်ခဲ့သည့် ထိုင်း အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ အမည်စာရင်းတင်ပြထားသည့် နိုင်ငံခြားသား အလုပ်သမားများအား နေထိုင်ခွင့်နှင့် အလုပ် လုပ်ကိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးကြောင်း၊ ယင်းကြောင့် ထိုင်းနိုင်ငံအတွင်းရှိ ပြည်ပအ လုပ်သမားများအား ၂၀၂၃ ခုနှစ် သြဂုတ်မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအထိ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အဆိုပါ ကင်းလွတ်ခွင့်ကာလအတွင်း အလုပ်ရှင်များ အနေဖြင့် ရက်ပေါင်း ၉၀ ကာလအတွင်းတရား ဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် အမည်စာရင်း တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လုပ် သားများ၏ ၁၈ နှစ်အောက်ကလေးများကို လည်း မိဘများအတိုင်း ခွင့်ပြုပေးကြောင်း၊ ၁၈ နှစ်ပြည့်ပြီးသူများမှာလည်း ၂၀၂၅ ခုနှစ် အထိ နေထိုင်ခွင့်ပြုပြီး အလုပ်လုပ်ကိုင်လိုပါ က လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်း အစိုးရအဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် MoU စနစ်ဖြင့် လာရောက်လုပ် ကိုင်သည့် အလုပ်သမားများအနက် လေးနှစ် ပြည့်ပြီးသူများနှင့် လေးနှစ်ပြည့်မြောက်မည့် အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံမှ မိခင် နိုင်ငံသို့ပြန်လည်ထွက်ခွာပြီး ရက်ပေါင်း ၃၀ ကြာမှ ပြန်လည်ဝင်ရောက်လုပ်ကိုင်ရမည်ဆို သည့် ကင်းလွတ်ခွင့်ကို မြန်မာအစိုးရဘက်က သဘောတူထားကြောင်း၊ သို့သော်အလုပ်သ မားများ၏ စာရွက်စာတမ်းအချက်အလက်များ မှန်ကန်ပါက လူဝင်မှုကြီးကြပ်ရေးသတ်မှတ် ချက်များနှင့် အလုပ်ခန့်ထားမှု သဘောတူစာ ချုပ်ချုပ်ဆိုခြင်းလုပ်ငန်းများ ပြီးစီးချိန်တွင် တစ်ရက်၊ နှစ်ရက်အတွင်း ထိုင်းနိုင်ငံသို့ ပြန် လည် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား ပြီး ထိုင်းနိုင်ငံရှိ မြန်မာအစိုးရသံအရာရှိရုံးက သတင်းထုတ်ပြန်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
