Top News

ရွန်နီအား ထိပ်တန်းနည်းပြတစ်ဦးဖြစ်လာစေရန်အတွက် ကူညီပေးမည်ဟု  အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ် ကမ်းလှမ်း
24htopnews | December 13, 2024 10:12 AM CST

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ် (၅၀ နှစ်)သည် လက်ရှိ ဒါဘီအသင်း၏ ယာယီနည်းပြ ၀ိန်းရွန်နီ (၃၅ နှစ်)အား ထိပ်တန်းနည်း ပြတစ်ဦးဖြစ်လာစေရန်အတွက် ကူညီပေးသွားရန် ကမ်းလှမ်းခဲ့ကြောင်း သိရှိရသည်။

ဒါဘီအသင်းတွင် ကစားသမား -နည်းပြအဖွဲ့ဝင်အဖြစ်ကစားနေသော ၀ိန်းရွန်နီသည် ပြီးခဲ့သည့်နိုဝင်ဘာလမှစတင်၍ (ဒါဘီအသင်းက နည်းပြဖြစ်သူ ကိုကူးကို ရာထူးမှထုတ်ပယ်ခဲ့ခြင်းကြောင့်) ဒါဘီအသင်းယာယီနည်းပြအဖြစ် တာဝန်ယူလျက်ရှိသည်။

ရွန်နီအား နည်းပြဘဝတွင် တိုးတက်မှုများ ရှိလာစေရန်နှင့် အောင်မြင်သည့် နည်းပြတစ်ဦးဖြစ်လာစေရန် ဆောက်ဂိတ်က အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (FA) ၏ နည်းပြတစ်ဦးအတွက် လိုအပ်ချက်များနှင့် အသုံးအဆောင်များကို အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်ဂိတ်က ''သူ့(ရွန်နီ)အနေနဲ့ ဘာအကူအညီပဲလိုလို ကျွန်တော်တို့ ကူညီထောက်ပံ့ပေးသွားမှာပါ။ ကျွန်တော်တို့အနေနဲ့ အင်္ဂလိပ်လူမျိုးလူငယ်နည်းပြတွေကို အမြဲကူညီပေးဖို့ ဆန္ဒရှိနေပါတယ်။ ဒါဘီမှာရှိတဲ့ လီယမ်ရိုစီနီယာလည်းအပါအဝင်ပေါ့။ လမ်းပတ်၊ ဂျရတ်တို့လိုမျိုး စွမ်းဆောင်နိုင်တာကိုကြည့်ရင် ကျွန်တော်တို့ ကျေနပ်ရပါတယ်''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK