အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF)သည် အာဆင်နယ်အသင်း၏ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူး အူဘာမီယန်းအား လူမှုကွန်ရက်တွင် တင်ခဲ့သော ပို့စ်အတွက် ဒဏ်ငွေ ပေါင် (၇၅၀၀)တပ်ရိုက်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ နိုင်ငံတကာရက်သတ္တပတ်အတွင်း အူဘာမီယန်းအပါအဝင် ဂါဘွန်လက်ရွေးစင်ကစားသမားများသည် ဂမ်ဘီယာနိုင်ငံရှိ ဘန်ဂျူလ်လေဆိပ်တွင် (၆)နာရီခန့် စောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
ညဘက် ယင်းကဲ့သို့ စောင့်ဆိုင်းနေချိန်၌ အူဘာမီယန်းသည် သူ၏ Twitter စာမျက်နှာတွင် မိမိတို့အနေဖြင့် ဂမ်ဘီယာလေဆိပ်အတွင်း ပတ်စ်ပို့တ်များ သိမ်းဆည်းခံရပြီး ဓားစာခံများကဲ့သို့ ဖမ်းဆီးခံထားရကြောင်း ရေးသားသည့်ပို့စ် တင်ခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရေးသားမှုသည် အာဖရိကဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာနှင့်ပုံရိပ်ကို ထိခိုက်စေသည်ဟုဆိုကာ CAF တာဝန်ရှိသူများက အူဘာမီယန်းကို ဒဏ်ငွေ ပေါင် (၇၅၀၀)ချမှတ်ခဲ့ပြီး အစီအစဉ်တကျလုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသော ဂမ်ဘီယာဘောလုံးအဖွဲ့ချုပ်ကိုလည်း ဒဏ်ငွေ ပေါင် (၇၅၀၀၀)တပ်ရိုက်(တစ်ဝက်မှာ ဆိုင်းငံ့)ခဲ့ကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
