ဂျူဗင်တပ်စ်အားကစားဒါရိုက်တာ ပါရာတီချီက မိမိတို့အသင်းသည် ကစားသမားဟောင်း ပေါ့ဘာကို လွန်စွာနှစ်သက်သော်လည်း လက်ရှိထွက်ပေါ်နေသော အပြောင်းအရွှေ့သတင်းများနှင့် ပတ်သက်၍ မည်သည့်မှတ်ချက်မျှမပေးလိုကြောင်း မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။
ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်အိုလာက မိမိကစားသမားသည် မန်ယူအသင်းတွင် မပျော်ရွှင်တော့ဘဲ အသင်းမှ ထွက်ခွာလိုနေသည်ဟု ပြီးခဲ့သည့်တနင်္လာနေ့က အတိအလင်းထုတ်ဖော်ခဲ့ရာ ပေါ့ဘာ၏ အပြောင်းအရွှေ့သတင်းများ လှုပ်ခတ်လာခဲ့သည်။
သို့ဖြစ်ရာ ပေါ့ဘာ၏ အသင်းဟောင်းဖြစ်ပြီး အေးဂျင့် ရိိုင်အိုလာနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည့် ဂျူဗင်တပ်စ်အသင်းက ပေါ့ဘာကို ပြန်လည်ခေါ်ယူရန် ရေပန်းစားနေခြင်းဖြစ်သည်။
အီတလီရုပ်သံ Sport Mediaset က ပေါ့ဘာအား ဂျူဗင်တပ်စ်အသင်းက ခေါ်ယူမည်လားဟု မေးမြန်းခဲ့ရာ ပါရာတီချီက ''ဒါက သင့်လျော်တဲ့ မေးခွန်းမဟုတ်ပါဘူး။ သူ့ကို ခေါ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျ အတော်များမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကို ကျွန်တော်တို့ များစွာနှစ်သက်ပါတယ်။ သူက ဂရိတ်ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကိုလည်း သိပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ သူက မန်ယူကစားသမားတစ်ယောက် ဖြစ်နေဆဲပါ''ဟု ဖြေကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
