ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက အသင်းဟောင်းဖြစ်သည့် ရီးယဲလ်အသင်းသို့ ပြန်လာဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောကြားသည်။
မော်ရင်ဟိုသည် ရီးယဲလ်အသင်းအား ၂၀၁၀ မှ ၂၀၁၃ အထိ ကိုင်တွယ်ခဲ့ဖူးပြီး အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ဖွယ် ရှိမရှိ မေးမြန်းမှုအပေါ် ၎င်းက ''ကျွန်တော်က ရီးယဲလ်မက်ဒရစ်ရဲ့ အမာခံပရိသတ်တစ်ယောက် အမြဲတမ်းဖြစ်နေမှာပါ။ သူတို့ဆီမှာ ကမ္ဘာ့အကောင်းဆုံးနည်းပြ ရှိနေပါတယ်။ ကျွန်တော့်မိတ်ဆွေ ကာလို (အန်ဆယ်လော့တီ) က သူလုပ်နေတာတွေ အရမ်းကောင်းပါတယ်။ အနာဂတ်က ဥက္ကဋ္ဌ ဘာလုပ်ချင်လဲ ဆိုတာအပေါ် မူတည်ပါတယ်။ ဖလော်ရင်တီနိုက မက်ဒရစ်မှာ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ အများကြီးမလုပ်ဖူးပါဘူး။ သူ့ရဲ့ နောက်ဆုံးဖြတ်ချက်က မှန်ကန်မယ်ဆိုတာ သေချာပါတယ်'' ဟု ဖြေကြားသည်။
မော်ရင်ဟိုသည် ရီးယဲလ်အသင်းကို ကိုင်တွယ်စဉ် လာလီဂါချန်ပီယံဆုနှင့် စပိန်ဘုရင့်ဖလားတို့ ရယူပေးနိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ဖလား မရယူနိုင်သဖြင့် လမ်းခွဲခဲ့ရခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
