မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဂျူဗင်တပ်စ်အသင်းအား ရှုံးနိမ့်မှုကြောင့် စိတ်ညစ်မနေဘဲ မန်ယူအသင်းနှင့် ဒါဘီပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းအား (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲတွင် တစ်ပွဲသာ အနိုင်ရကာ နှစ်ပွဲသရေ၊ ခုနစ်ပွဲအထိ ရှုံးနိမ့်ထားပြီဖြစ်သည်။
သို့သော် ဂွါဒီယိုလာက ''ကျွန်တော် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်နေတယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော်က ကောင်းတဲ့အချိန်မှာရော ဆိုးတဲ့အချိန်မှာပါ တည်ငြိမ်မှုရှိပါတယ်။ နည်းလမ်းရှာဖို့ ကျွန်တော်ကြိုးစားနေပါတယ်။ အဝတ်လဲခန်းကလည်း တည်ငြိမ်မှုရှိပါတယ်။ နိုင်ပွဲရရင် ကျွန်တော်တို့ ပျော်ရွှင်ကြပြီး ရှုံးနိမ့်ရင်တော့ မပျော်ရပါဘူး။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲ။ ကိုယ့်ဘာသာ စိတ်မကောင်းဖြစ်ရမှာလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒါကို တိုးတက်အောင်လုပ်ပြီးတော့ ရှေ့ဆက်သွားရမှာပါ။ ဒီလထဲမှာ ဒီလို အခြေအနေမျိုး ကျွန်တော်တို့ အများကြီးကြုံပြီးပါပြီ။ မနက်ဖြန်မှာ အနားယူပြီးတော့ ယူနိုက်တက်နဲ့ပွဲအတွက် ပြင်ဆင်သွားမှာပါ'' ဟု ပြောကြားသည်။
မန်စီးတီး - မန်ယူ မန်ချက်စတာဒါဘီပွဲကို တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည(၁၁းဝ၀)နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
