Top News

ကွန်တီ၏ နည်းဗျူဟာအပေါ် ဂယ်ရီနဗီးလ်ဝေဖန်ခဲ့ပြီး မန်ယူနှင့် မသင့်တော်ဟု ဆိုခဲ့ခြင်းအပေါ် ဆီမြွန်နီကို ထောက်ခံခဲ့ဖူးခြင်းနှင့် ကာရေဂါ ပြန်လည်ထောက်ပြ
24htopnews | December 13, 2024 4:12 AM CST

 

မန်ယူအသင်း၏ ဂန္ထဝင်နောက်ခံလူဟောင်းတစ်ဦးဖြစ်သည့် ဂယ်ရီနဗီးလ်က ကွန်တီ၏ နည်းပြစတိုင်အပေါ် ဝေဖန်ခဲ့ပြီး မန်ယူအသင်းနှင့် ကိုက်ညီမှုမရှိသည့် ပုံစံဖြစ်သဖြင့် မန်ယူအသင်းနည်းပြ ဖြစ်မလာသည်မှာကောင်းသည်ဟု ဆိုခဲ့ရာ ကာရေဂါက ဆီမြွန်နီကို ၎င်းထောက်ခံခဲ့ဖူးခြင်းအား ပြန်လည်ထောက်ပြဝေဖန်ခဲ့ကြောင်း သိရှိရသည်။

ယာဂန်ကလော့ပ်က  ကွန်တီ ၏ ခံစစ်အားပြုနည်းဗျူဟာအပေါ် သုံးသပ်ခဲ့ရာတွင် အက်သလက်တီကိုလည်း ခံစစ်နည်းဗျူဟာဖြင့် အောင်မြင်မှုများ ရယူခဲ့ကြောင်း၊ ကမ္ဘာကျော် ကစားသမားများက ခံစစ်တွင် စုပြုံကစားနေခြင်းအပေါ် မိမိသဘောမကျကြောင်း သုံးသပ်ခဲ့ခြင်းဖြစ်သည်။ 

ဂယ်ရီနဗီးလ်က ကလော့ပ် ပြောခဲ့ သည့် အချက်ကို Twitter ၌ ပြန်လည်မျှဝေကာ မှတ်ချက်တွင် "ကျွန်တော် ကွန်တီကိုလေးစားပါတယ်။ ဒါ ပေမဲ့ ကလော့ပ်ပြောခဲ့တာက သူဘာကြောင့် မန်ယူနည်းပြ ဖြစ်မလာသင့်သလဲဆိုတာအတွက် အဖြေပါပဲ"ဟု ဆိုခဲ့သည်။ 

ကာရေဂါက ဂယ်ရီနဗီးလ်သည် ယင်းကဲ့သို့ ပြောခဲ့သော်လည်း တစ်ချိန်က ဆီမြွန်နီကို မန်ယူနည်းပြ ရာထူးအတွက် ထောက်ခံဖူးသည်ဟု ထောက်ပြခဲ့ရာ ဂယ်ရီနဗီးလ်က "ဆီမြွန်နီရဲ့ ၄-၄-၂ က အိုကေပါတယ်။ ကွန်တီရဲ့ Wing backs စတိုင်  ခံစစ်နဲ့ဆိုရင် မအိုကေပါဘူး" ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။ 


READ NEXT
Cancel OK