လီဗာပူးလ်အသင်း၏ နည်းပြဖြစ်သူ ယာဂန်ကလော့ပ်က မန်စီးတီးအသင်းနှင့် (၃)မှတ်ကွာဟသွားခဲ့ပြီးနောက် ပြိုင်ဘက်မန်စီးတီးအသင်း ခြေချော်ရန် မျှော်လင့်မိသော်လည်း ခြေချော်ရန် အကြောင်းမရှိတော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ကလော့ပ်၏ လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းနှင့် သရေကျခဲ့ပြီး မန်စီးတီးအသင်းကမူ နယူးကာဆယ်အသင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ရာ လက်ကျန် (၃) ပွဲအလိုတွင် (၃) မှတ်ကွာအနေအထား ရောက်ရှိသွားခဲ့ခြင်းလည်းဖြစ်သည်။
ယင်းအတွက်ကြောင့် ကလော့ပ်က အမှတ်ပေးချန်ပီယံဆုကို မန်စီးတီး အသင်း ဆက်လက်ရယူရန် အခြေအနေကောင်းသွားခဲ့ပြီဟု ဝန်ခံခဲ့ပြီး "ကျွန်တော်ကတော့ မန်စီးတီးအမှတ် လျော့ဦးမယ်လို့ မမြင်တော့ပါဘူး။ ကျွန်တော့်အနေနဲ့ မန်စီးတီးကို အမှတ်လျော့ဖို့ မျှော်လင့်နေပေမဲ့ အမှတ်လျော့စရာအခြေအနေကို မတွေ့ပါဘူး။ ကျွန်တော်တို့က မန်စီးတီးနဲ့ နယူးကာဆယ်ပွဲမတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် အရေးကြီးတာက အက်စတွန်ဗီလာနဲ့ ကစားရမယ့်ပွဲပါ။ ကျွန်တော်တို့ စပါးနဲ့ပွဲမှာ ရှုံးသွားတာထက် ချေပဂိုးရခဲ့တာက ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လိုချင်ခဲ့တာ ဒီရလဒ်မဟုတ်ပါဘူး" ဟု ပြောကြားခဲ့သည်။
ယာဂန်ကလော့ပ်သည် စပါးအသင်းနှင့် သရေကျခဲ့သည့်ပွဲအပြီးတွင် စပါးအသင်းကို ချီးကျူးခဲ့သော်လည်း ကွန်တီ၏ နည်းဗျူဟာပိုင်းကို သဘောမကျကြောင်း မှတ်ချက်ပေးခဲ့သည်။ ကလော့ပ်က "ဒီလို ကစားတဲ့ နည်းဗျူဟာ ကိုသဘောမကျပါဘူး။ ကမ္ဘာ့အဆင့်ကစားသမားတွေနဲ့ သူတို့ ပိုလုပ်ခဲ့သင့်ပါတယ်။ သူတို့ ဘယ်လို အောင်မြင်မှုတွေရရ ကျွန်တော်မကြိုက်ပါဘူး ။ ဒါကြောင့် ဒီလိုနည်းဗျူဟာကို ကျွန်တော်မသုံးပါဘူး" ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
