Top News

မန်စီးတီးနှင့် မိမိတို့အသင်းကြား ကြီးမားသည့် ကွာဟချက်ရှိနေပြီး အလွန်ဂရုစိုက်ကာ အပြောင်းအလဲပြုလုပ်ရမည်ဟု အက်ဒီဟောင်း ဆို
24htopnews | December 13, 2024 4:12 AM CST

 

နယူးကာဆယ်အသင်း၏နည်းပြ  အက်ဒီဟောင်းက မိမိတို့အနေဖြင့် ဆော်ဒီသူဌေးများ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိခဲ့သောကြောင့် မန်စီးတီးအသင်းနှင့် နှိုင်းယှဉ်မှုများ ရှိနေသော်လည်း နှစ်သင်းကြား ကြီးမားသည့် ကွာဟချက်ရှိနေကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ထို့ကြောင့် နယူးကာဆယ်အသင်းကို အလျင်စလိုပြောင်းလဲနိုင်မည်မဟုတ်ဘဲ အလွန်ဂရုစိုက်ကာ အပြောင်းအလဲပြုလုပ်သွားရမည်ဟုလည်း အသင်းပိုင်ရှင်များအား အသိပေးခဲ့သည်။

နယူးကာဆယ်အသင်း၏ ပိုင် ရှင်သစ်များသည် အချိန်တိုအတွင်း အင်အားကြီးအသင်းအဖြစ် တည် ဆောက်နိုင်ရန် မျှော်မှန်းထားပြီး လာ မည့်နွေရာသီ၌ ကစားသမားသစ်ခေါ် ယူမှုအတွက် အကြီးစားငွေကြေးသုံး စွဲမှုများ ပြုလုပ်သွားလိမ့်မည်ဟု လည်း ထင်ကြေးပေးခံနေရသည်။ 

ထို့ ကြောင့် အက်ဒီဟောင်းက "လီဗာပူးလ်၊ မန်စီးတီးနဲ့ ကျွန်တော်တို့အ သင်းရဲ့ကြားမှာ ကွာဟချက်က ကြီးမားပါတယ်။ ဒီကွာဟချက်ကို ကျဉ်းမြောင်းသွားအောင် ရာသီများစွာဖြတ်သန်းလုပ်ဆောင်သွားရမှာပါ။ တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲမှု လုပ်သွားရမှာဖြစ်ပြီး အလုံးစုံပြောင်းလဲပစ်ရမှာမဟုတ်ပါဘူး။ အပြောင်းအလဲတွေကို အများကြီးနဲ့ မြန်မြန်ဆန်ဆန်ကြီး လုပ်ဆောင်ရမှာမဟုတ်ဘဲ အလွန်ဂရုစိုက်ပြီး လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ အပြောင်းအရွှေ့ စျေးကွက်တစ်ခုစီမှာ အသင်းကို တိုးတက်အောင် လုပ်ဆောင်သွားရမှာပါ"ဟု ပြောကြားခဲ့သည်။ 

အက်ဒီဟောင်းသည် နယူးကာဆယ်ကို အဆင့်(၁၉)နေရာ၌ ရှိနေစဉ် စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ ထိပ်ဆုံး(၁၀)သင်းစာရင်းဝင်ရန်ပင် မျှော်လင့်နိုင်စွမ်းရှိနေသည်။


READ NEXT
Cancel OK