Top News

Covid-19 ရိုက်ခတ်မှုကြားက (၃၁)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ
24htopnews | December 13, 2024 4:12 AM CST

ဒီနှစ်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း (၂၀) ယှဉ် ပြိုင်မှာဖြစ်ပေမဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားနည်းကတော့အများကြီးမရှိပါဘူး။ ယှဉ်ပြိုင်မယ့် အားကစားနည်းတွေထဲမှာ ဘိလိယက်၊ ကာယဗလ၊ မြားပစ်၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊ ဝူရှူး၊ ဂျူဒို၊ လှေလှော်အားကစားနည်းတွေဖြစ်ပြီး သေနတ်ပစ်၊ ပီတန်းစတဲ့ အားကစားနည်းတွေကတော့ တော်တော်ကြိုးစားမှ မျှော်လင့်နိုင်မယ့် အနေအထားရှိ ပါတယ်။ ဘောလုံးအမျိုးသားနဲ့ အမျိုးသမီးအသင်းတွေကတော့ လက်ရှိအနေအထားအရ ရွှေတံဆိပ် ရယူနိုင်ဖို့ လိုအပ်ချက်တွေရှိနေပါသေးတယ်။ မြန်မာနိုင်ငံအနေနဲ့ ရွှေတံဆိပ်မျှော်မှန်းနိုင်တဲ့ အားကစားအဖွဲ့က (၅) ခုကနေ (၁၀) ခုကြားရှိပေမဲ့  ပြီးခဲ့တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ရွှေ (၄)ခုထက်ပိုရရင် အောင်မြင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။


READ NEXT
Cancel OK