Top News

ကိုပါအီတာလီယာဖလားဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
24htopnews | December 13, 2024 4:12 AM CST

ဂျူဗင်တပ်စ် - အင်တာမီလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

လတ်တလောအနေအထားချင်းယှဉ်ရင်တော့ အင်တာမီလန်အသင်းက အပြတ်အသတ်သာနေတယ်။ အင်တာမီလန် က စီးရီးအေချန်ပီယံဆုအတွက် အရှိန်တင်နေရတဲ့အချိန်ဖြစ် ပြီး ဂျူဗင်တပ်စ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် သေချာထားပြီး သားဖြစ်လို့ လက်ကျန်ပွဲတွေမှာ သိပ်အားမစိုက်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

    

ဖြတ်သန်းလာတဲ့လမ်းကြောင်းကို ကြည့်ရင်လည်း အင် တာမီလန်က ပိုကျပ်တည်းခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းက ဗိုလ် လုပွဲလမ်းကြောင်းမှာ ဆမ်ဒိုးရီးယား၊ ဆာဆူအိုလို၊ ဖီအိုရင်တီး နားအသင်းတွေနဲ့သာ တွေ့ဆုံခဲ့ပြီး အင်တာမီလန်ကတော့ ရိုး မား၊ အေစီမီလန်တို့နဲ့ အစမ်းသပ်ခံခဲ့ရတယ်။ ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ဆုံမှုက ၁၉၅၈-၅၉၊ ၁၉၆၄-၆၅ ရာ သီတွေမှာဖြစ်ပြီး နှစ်ကြိမ်စလုံးမှာတော့ ဂျူဗင်တပ်စ်က အနိုင် ယူထားခဲ့တယ်။

    

ဒီ(၂)သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု မှာ အစောပိုင်းနှစ်တွေ က ဂျူဗင်တပ်စ်အသင်း အပြတ်အသတ်အသာရတဲ့နှစ်တွေ ဖြစ် ခဲ့ပြီး နောက်ပိုင်းနှစ်တွေမှာတော့ အကြိတ်အနယ်ဖြစ်လာတာ တွေ့ရတယ်။ အခုရာသီမှာတော့ ချိန်ခွင်လျှာက အတော်လေး ပြောင်းလဲသွားတယ်။ စူပါဖလားပြိုင်ပွဲအပါအဝင် (၃)ကြိမ်တွေ့ ဆုံထားမှုမှာ အင်တာမီလန်အသင်းက ရှုံးပွဲမရှိခဲ့ဘဲ (၂)ပွဲ အနိုင် ကစားပြီး (၁)ပွဲသရေကျခဲ့တယ်။

    

ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက လက်ရှိအချိန်အထိ အသင်းနဲ့အံဝင်မယ့် တိုက်စစ်အတွဲအဖက်ကို မရှာဖွေနိုင်သေး သလို၊ နေရာအလိုက်မှာလည်း အင်တာအသင်းလောက် တည် ငြိမ်မှုမရှိဘူး။ ချန်ပီယံဆုနဲ့ ဆယ်စုနှစ်တစ်ခုကြာ ဝေးကွာနေတဲ့ အင်တာပဲ ဗိုလ်စွဲဖို့များတယ်။


READ NEXT
Cancel OK