မန်ယူအသင်း၏ ဂန္ထဝင်နည်းပြကြီးဖြစ်သည့် ဆာအဲလက်စ်ဖာဂူဆန်သည် လာမည့်ရာသီတွင် အသင်း၏ အနာဂတ်အစီအစဉ်များအတွက် ပိုမိုအရေးပါသည့် ရာထူးတစ်နေရာရာတွင် ပြန်ပေးရန်အတွက် ပရိသတ်များ၏ ထောက်ခံတောင်းဆိုမှုများကို ရရှိထားကြောင်း သိရှိရသည်။
ဖာဂူဆန်သည် ယခုအချိန်တွင် အသင်း၏ သံတမန်အခန်းကဏ္ဍ တွင် ရှိနေသော်လည်း ယင်းရာထူးသည်အသင်း၏ အပြောင်းအရွှေ့နှင့် အခြားစီမံခန့်ခွဲမှုများတွင် ထဲထဲဝင်ဝင်ပါဝင် ခြင်းမရှိသည့် ရာထူးဖြစ်နေသည်။
ယခုအချိန်တွင် အက်ဒ်ဝုဒ်ဝက်ဒ်ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ရာ ဖာဂူဆန်၏ အခန်းကဏ္ဍကို ပိုမိုတိုးမြှင့်ရန်အတွက် ပရိသတ်များက ဆန္ဒရှိနေခြင်းဖြစ်ပြီး ဖာဂူဆန်အား လုပ်ပိုင်ခွင့်ပိုတိုးပေးခြင်း ဖြင့် ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ဖလားကို (၈)နှစ်ဆက် လွဲချော်ခဲ့သည့် အခြေအနေအား ကျော်ဖြတ်နိုင်မည်ဟု ပရိသတ်များက ယုံကြည်နေကြသည်။
ဖာဂူဆန်သည် အက်ဒ်ဝုဒ်ဝက်ဒ်၏ လုပ်ဆောင်ချက်များအပေါ် ဝေဖန်မှုပြုလုပ်ခဲ့ပြီးနောက်အသင်းအောင်မြင်ရေးစီမံကိန်းများတွင် ထဲထဲဝင်ဝင်ပါဝင်လာနိုင်သည်ဟုလည်း ခန့်မှန်းမှုများရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
