အာဆင်နယ်ပရိသတ်များသည် အသင်း၏အိမ်ကွင်းဖြစ်သည့် အီမရိတ်စ်ကွင်းပြင်ပ၌ စုဝေးဆန္ဒပြခဲ့ကြပြီး အသင်းပိုင်ရှင်ဖြစ်သူ စတန်ကရွွန်ကီအား အသင်းမှထွက်ရန် ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဥရောပကလပ်အသင်းကြီး(၁၂)သင်း ပူးပေါင်းဖန်တီးသည့် ဥရောပစူပါလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းပါဝင်ခဲ့ခြင်းအား အာဆင်နယ်ပရိသတ်များက ဒေါသထွက်နေခြင်း ဖြစ်သည်။
ယင်းဥရောပစူပါလိဂ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်အသင်းကြီး(၆)သင်းမှာ နုတ်ထွက်ပြီးဖြစ်သော်လည်း အချို့သောပရိသတ်များက မိမိတို့အသင်းပိုင်ရှင်များအား ဆန္ဒပြရှုတ်ချမှုများပြုလုပ်နေရာ အာဆင်နယ်ပရိသတ်များမှာလည်း အသင်းပိုင်ရှင် စတန်ကရွွန်ကီအား ဆန္ဒပြမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စတန်ကရွန်ကီမှာ ဥရောပကလပ်အသင်းကြီး(၁၂)သင်းယှဉ်ပြိုင်ရန် စီစဉ်ခဲ့သည့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဖန်တီးသူများထဲတွင် အဓိကနေရာမှ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။
အီမရိတ်စ်ကွင်းအတွင်းရှိတိုင်တစ်ခုတွင် စတန်ကရွန်ကီ၏ ပုံတူအဝတ်ရုပ်အား (ကြိုးဆွဲချသည့်ပုံစံ)ချိတ်ဆွဲခဲ့ကြပြီး ပရိသတ်ရာပေါင်းများစွာက ကရွန်ကီအားရှုတ်ချသည့်စာများ/အသင်းမှထွက်ရန်တောင်းဆိုသည့်စာများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
ကွင်းအတွင်းရှိ လက်မှတ်အရောင်းဆိုင်ခေါင်မိုးပေါ်သို့ ပရိသတ်အချို့တက်ခဲ့ကြရာမှ နှစ်ဦးမှာ ပြုတ်ကျခဲ့ပြီး ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရှိရသည်။
တစ်ဦးမှာ ခေါင်းကွဲသွားခဲ့ပြီး ကျန်တစ်ဦးမှာ ခြေကျိုးသွားခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ကွင်းအတွင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ ရှိခဲ့သော်လည်း ၎င်းတို့က ဆန္ဒပြသူများကို ထိရောက်စွာမတားဆီးသည့်အပြင် ပရိသတ်တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးခြင်းမရှိခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ရဲ တပ်ဖွဲ့တာဝန်ရှိသူများက ခေါင်မိုးပေါ်မှ ပြုတ်ကျခဲ့သော ပရိသတ်များအနေဖြင့် အသက်အန္တ ရာယ်စိုးရိမ်စရာမရှိကြောင်း ပြောကြားခဲ့ကြသည်။
အာဆင်နယ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဗီနိုင်းဗန်ကာတီရှန်က ဥရောပစူပါလိဂ်ပြိုင်ပွဲနှင့် ပတ်သက်၍ ''အများထင်သလို အာဆင်နယ်အသင်းဟာ ဒီပြိုင်ပွဲဖြစ်ပေါ်လာဖို့အတွက် အဆိုရေးဆွဲသူ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့သာ ကြိုးပမ်းခဲ့တာပါ။ ဒါက မှားယွင်းတဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာ ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းကို ပြန်သွားဖို့ စီစဉ်နေပါပြီ။ အခြား ပရီးမီးယားလိဂ်အသင်း (၁၄)သင်းကို ပြန်လည်ဆက်သွယ်ပြီး ဒီကိစ္စအတွက်တောင်းပန်ဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာကို ကျွန်တော်တို့ ပြန်လည်တည်ဆောက်သွားပါမယ်''ဟု ပြောကြားခဲ့သည်။
အသင်းပိုင်ရှင် စတန်ကရွန်ကီ၏သားဖြစ်သူ ကရွန်ကီဂျူနီယာကလည်း ဗီနိုင်း၏စကားကို ထောက်ခံခဲ့ပြီး မိမိတို့ ဦးဆောင်သူများအနေဖြင့် အမှားအယွင်းအတွက် တာဝန်ယူကာ ပြန်လည်တောင်းပန်သွားမည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
