Top News

ရီးယဲလ်အသင်းနှင့် သက်တမ်းတိုးရန် မိုဒရစ် သဘောတူညီမှုရရှိဟု အသင်းဥက္ကဋ္ဌ ပီရက်ဇ် အတည်ပြု
24htopnews | December 13, 2024 2:12 AM CST

 

ရီးယဲလ်မက်ဒရစ်အသင်းသည် ၀ါရင့်ကွင်းလယ်လူ မိုဒရစ်နှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်က အတည်ပြုပြောကြားခဲ့သည်။

အသက် (၃၅) နှစ်ရှိပြီဖြစ်သည့် ခရိုအေးရှားကစားသမား မိုဒရစ်၏ စာချုပ်သက်တမ်းမှာ နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ယခုနွေရာသီတွင် ကုန်ဆုံးတော့မည်ဖြစ်သည်။ 

ပီရက်ဇ်က စာချုပ်သစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ပြောကြားခြင်းမရှိသော်လည်း အသက် (၃၀) ကျော် ကစားသမားများအတွက် သတ်မှတ်ထားသည့် မူဝါဒအရ တစ်နှစ်စာချုပ်သာ ချုပ်ဆိုခြင်းဖြစ်နိုင်ကြောင်း AS သတင်းစာက ခန့်မှန်းဖော်ပြခဲ့သည်။

"မိုဒရစ်က စာချုပ်လက်မှတ်ရေးထိုးတာ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ သဘောတူညီမှု ရထားပါပြီ။ မိုဒရစ်နဲ့ ကျွန်တော်တို့ အချိန်ကာလတစ်ခုအတွက် သဘောတူညီမှုရထားပါပြီ"ဟု ပီရက်ဇ်က El Larguero ရေဒီယိုအစီအစဉ်သို့ ပြောကြားသည်။

၂၀၁၈ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင် မိုဒရစ်သည် ၂၀၁၂ ခုနှစ် နွေရာသီတွင် စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ရောက်ရှိလာသူဖြစ်ပြီး စာချုပ်သစ်အရ ဆယ်စုနှစ်တစ်ခုပြည့်သည်အထိ ဆက်ရှိနေမည်ဖြစ်သည်။ 

မိုဒရစ်သည် (၉) ရာသီအတွင်း ရီးယဲလ်အသင်းအတွက် (၃၈၄) ပွဲကစား (၂၆) ဂိုးသွင်းယူ ပေးထားပြီး လာလီဂါချန်ပီယံ (၂)ကြိမ်၊ စပိန်ဘုရင့်ဖလား (၁)ကြိမ်၊ စပိန်စူပါဖလား (၃)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလား (၃)ကြိမ်စီ ဆွတ်ခူးရရှိထားသည်။


READ NEXT
Cancel OK