Top News

အာဆင်နယ်အသင်းကို ရောင်းချရန် အစီအစဉ်မရှိဟု အသင်းပိုင်ရှင် ကရွန်ကီ၏သားဖြစ်သူ ဂျော့ရှ်ကရွန်ကီ အတည်ပြု
24htopnews | December 13, 2024 2:12 AM CST

 

Kroenke Sports & Entertainment (KSE) ကုမ္ပဏီအနေဖြင့် အာဆင်နယ်အသင်းကို ပြန်လည်ရောင်းချရန် အစီအစဉ်မရှိကြောင်း အသင်းပိုင်ရှင် စတန်ကရွန်ကီ၏သားဖြစ်သူ ဒါရိုက်တာအဖွဲ့ဝင် ဂျော့ရှ်ကရွန်ကီက အတည်ပြုပြောကြားသည်။

    

ကြာသပတေးနေ့က ပရိသတ်များနှင့် ပြုလုပ်သည့် Fan's Forum တွင် ဂျော့ရှ်ကရွန်ကီက အမှုဆောင်ချုပ် ဗန်ကက်တေရှမ်နှင့်အတူ တက်ရောက်ခဲ့ပြီး KSE အနေဖြင့် အာဆင်နယ်အသင်းအား ရောင်းချရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ယခုလို ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ဂျော့ရှ်ကရွန်ကီက "ဒီမေးခွန်းကို ကျွန်တော်မဖြေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ရောင်းချဖို့ အစီအစဉ်မရှိလို့ပါ။ အာဆင်နယ်အသင်းကို အုပ်ချုပ်ရတဲ့သူအနေနဲ့ လက်ရှိအနေအထားကို ဆက်ပြီးအဆင်ပြေအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကလပ်အသင်းပြင်ပက ဖိအားတွေကြောင့် ကျွန်တော်တို့အခြေအနေက တော်တော်လေးခက်ခဲနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဂျော့ရှ်ကရွန်ကီက လက်ရှိတွင် အသင်းပရိသတ်များ၏ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရသော်လည်း အနာဂတ်တွင် ဆက်ဆံရေးကောင်းမွန်လာမည်ဟု မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။ 

ကျွန်တော်တို့ဆီမှာ နွေရာသီအတွက် တူညီတဲ့အစီအစဉ်တွေ ရှိပါတယ်။ ဒီအစီအစဉ်က လွန်ခဲ့တဲ့ ရက်သတ္တပတ်အတော်များများကတည်းက ရှိနေခဲ့တာဖြစ်ပြီး ကျွန်တော်တို့စီစဉ်ထားတာ တွေနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားနေတုန်းပါပဲ။ ကျွန်တော့်အနေနဲ့ သံသယတွေ၊ မယုံကြည်မှုတွေ ရင်ဆိုင်နေရပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ အသင်းအားပေးသူအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းမွန်လာပြီး ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်တယ်ဆိုတာကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဂျော့ရှ်ကရွန်ကီက ပြောကြားခဲ့သည်။


READ NEXT
Cancel OK