Top News

ဘောလုံးလောကကို ကျောခိုင်းရန် စဉ်းစားခဲ့ဖူးသည်ဟု လင်ဂတ် ပြောကြား
24htopnews | December 13, 2024 2:12 AM CST

 

မန်ယူအသင်းမှ ဝက်စ်ဟမ်းအသင်းသို့ အငှားသွားရောက်ကစားနေသည့် အင်္ဂလန်ကွင်းလယ်ကစားသမား လင်ဂတ်က ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ဘောလုံးလောကကို ကျောခိုင်းရန် စဉ်းစားခဲ့ဖူးသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

လင်ဂတ်က မိမိအနေဖြင့် မန်ချက်စတာယူနိုက်တက်အသင်းတွင် အရန်ခုံထိုင်နေရသည့်အပြင် မိခင်ဖြစ်သူမှာလည်း စိတ်ကျရောဂါခံစားနေရခြင်းကြောင့် ဘောလုံးလောကမှ ခေတ္တခဏထွက်ခွာ၍ အနားယူရန် စဉ်းစားခဲ့မိသည်ဟု ဆိုခဲ့သည်။ 

သို့သော် မန်ယူအသင်း ဆေးအဖွဲ့၏ အကြံပြုလမ်းညွှန်ချက်များကို လိုက်နာကာ စိတ်ပိုင်းဆိုင်ရာကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK