ကချင်ပြည်နယ် မြစ်ကြီးနားလေတပ်စခန်းကို ပစ်ခတ်သည့် ရှော့တိုက်ဒုံးအချို့ လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ဒီဇင်ဘာ ၄ ရက်တွင် မြို့သစ်ကြီးရပ်ကွက်ရှိ ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦး နေအိမ်ပေါ်သို့လည်းကောင်း၊ဒီဇင်ဘာ ၅ ရက် မနက်အစောပိုင်းတွင် တပ်ကုန်းရက်ကွက် ရာဒါကောင်းနယ်မြေသို့လည်းကောင်း၊ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် မြို့သစ်ကြီး၊ရှမ်းရွာအဝင်လမ်းဘေးသို့လည်းကောင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု မြို့သစ်ကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက The Daily Eleven သတင်းစာသို့ ဆက်သွယ် ပြောကြားသည်။
'' ဆေးခန်းနဲ့ မဝေးတော့ သွားကြည့်တာ ရှော့တိုက်ဒုံးပဲ။နောင်ခမ်းရွာအဝင်မှာ ကွဲတာလည်း ရှော့တိုက်ဒုံးပဲ။ကျော်လာတဲ့ သဘောပါ။ ရာဒါကောင်း ဘက်ကျတာလည်း အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။တပ်က ပစ်တဲ့ဟာတော့ မဖြစ်နိုင်ဘူး။ မြောက်ပိုင်းတိုင်းဘက်ကလည်းအရှေ့ဘက်နဲ့ ဝိုင်းမော်ဘက်နှင့် တောင်ဘက် ငှက်ပျောတောဘက်ကိုလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်တယ်။ လားရာမတူဘူး။ မော်ဖောင်းဘက်က မိတ်ဆွေတွေ ပြောတာတော့နန်ပေါင် လေယာဉ်ကွင်းဘက်လည်း ကျရောက်ပေါက်ကွဲသံတွေ ကြားရတယ်လို့ ပြောတယ်။မြို့ခံတွေကတော့ ထိတ်ထိတ်လန့်လန့်ဖြစ်နေတာပေါ့ဗျာ။ ကျနော်တို့ မိသားစုဆိုရင် အောက်ထပ်မှာဘဲ စုအိပ်ကြတယ်''ဟု ဆိုသည်။
ဒီဇင်ဘာ ၉ ရက်ကလည်း ဝိုင်းမော်မြို့နယ်၊စန်းကားကျေးရွာအနီးက ငှက်ပျောခြံစောင့်တဲပေါ်သို့ လက်နက်ကြီးကျရောက် ခဲ့ပြီး မကွေးတိုင်း၊မြိုင်မြို့နယ်မှ အသက် ၂၄ နှစ်အရွယ် မပန်းအိဖြူမှာ နေရာတွင် သေဆုံးခဲ့ကာ ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ကို ဝိုင်းမော်မြို့ မွန်မြတ်စေတနာ လူမှုကူညီရေးကားဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
လွန်ခဲ့သည့် သြဂုတ်လ အတွင်းကလည်း မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိခဲ့ပေ။
လွန်ခဲ့သည့် မေလ ၁၈ ရက်တွင် မြစ်ကြီးနားမြို့၊မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနီး ပမ္မတီးရပ်ကွက်အတွင်းသို့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သုံးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် ကချင်ပြည်နယ် ဗန်းမော်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဗန်းမော်မြို့ခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရလျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
