ပြည်သူများထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ သိမ်းဆည်းရမိသည့်ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်သူများ၏ နစ်နာမှုများကို အစိုးရအနေဖြင့် တစ်ဦးချင်းစီအလိုက် ဖြေရှင်းပေးရန်ခက်ခဲကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
၎င်းက “ဒီငွေစက္ကူအတုလုပ်တဲ့သူတွေကိုတော့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူမယ်။ ပေါ်ပေါက်အောင် စစ်ဆေးဆောင်ရွက်မယ်။ ကာယကံရှင်တွေကတော့ ဒီအပေါ်မှာ အတုရလာတဲ့အတွက် နစ်နာမှုကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ လူတိုင်းလူတိုင်း လိုက်ပြီးတော့ ဖြေရှင်းဖို့တော့ ခက်တယ်လို့ ကျွန်တော်ပြောချင်တယ်” ဟု ပြောကြားသည်။
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမတွင် ဒီဇင်ဘာ ၇ ရက်ကပြုလုပ်သည့် အိမ်တော်သတင်းထောက်များနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် ငွေစက္ကူအတုများတွေ့ရှိရာတွင် အတုလုပ်သူမသိရဘဲ ငွေကြေးလဲလှယ်ရန် ကြိုးစားသည့် ပြည်သူများ၏ငွေများ ထိန်းသိမ်းခံလိုက်ရခြင်း၊ နစ်နာခြင်းများ ဖြစ်ပွားကြောင်း၊ မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီးပြန်လာသည့် အမျိုးသမီးတစ်ဦးထံမှ မြန်မာကျပ်ငွေ အတုများမိသည်ဆိုကာ စစ်ဆေးခံရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အဆိုပါအမျိုးသမီးသည် လုပ်အားခများ ဆုံးရှုံးရခြင်း၊ ဥပဒေအရ နစ်နာခြင်းမှာ ကြုံတွေ့ခဲ့ခြင်းများကို မည်ကဲ့သို့ဖြေရှင်းပေးရန်ရှိမလဲ နှင့် မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံ ပူးပေါင်းပြီး ငွေစက္ကူအတုကိစ္စကို ပူးပေါင်းဆောင်ရွက်ရန် ရှိသလားဆိုသည့် သတင်းထောက်တစ်ဦး၏ မေးခွန်းအား နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဦးဇော်ဌေးက “အဓိကက ငွေစက္ကူအတုက ကျွန်တော်တို့ လုံးဝကို ရာဇဝတ်ပြစ်မှုဖြစ်တယ်။ အဲဒါကတော့ ပေါ်လာရင် ပေါ်လာတဲ့ အလျောက် ကျွန်တော်တို့ကွင်းဆက်ဖမ်းပြီးတော့ အရေးယူတာ လုပ်ပါတယ်။ နောက်တစ် ခုကတော့ ဒီငွေစက္ကူတွေ အတုထွက်တယ်ဆိုတာလည်း ကျွန်တော်တို့ ထွက်တာနဲ့ဖမ်းပါတယ်။ ထိန်းသိမ်းတယ်ပေါ့။ အဲဒီအပေါ်မှာလည်း လူထုကလည်း ဒီငွေစက္ကူအတုတွေ ပေါ်လာတယ်ဆိုတော့ ငွေစက္ကူကို အရင် တုန်းကလို ကြေညာမှာလား၊ မကြေညာဘူးလားဆိုတဲ့ ပြဿနာတွေ ရှိလာနိုင်တယ်။ အဲဒီအပေါ်မှာလည်း ရှင်းရှင်းလင်းလင်းပြောချင်တာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါပြီးဖြစ်တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့ ဒီဟာတွေကို တရားမဝင်ကြေညာတာမျိုး မလုပ်ပါဘူး” ဟု ပြောကြားသည်။
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသည့်အမျိုးသမီးထံမှ မြန်မာကျပ်ငွေအတုများ ဖမ်းဆီးရမိသည့်ကိစ္စရပ်နှင့်ပတ်သက်၍ ယင်းငွေစက္ကူများသည် မည်သည့်နေရာမှ ထွက်ရှိသည်ကိုစုံစမ်းစစ်ဆေးကာ ပြည်ပ နှင့်ဆက်စပ်နေပါကလည်း ပူးပေါင်းဖော် ထုတ်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
ဦဇော်ဌေးက “အဲဒီ နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက်မှုတွေက ရှိပါတယ်။ ဒီဟာတွေက ဘယ်ကလာလဲ။ ဘယ်ကထွက်လဲဆိုတာလည်း ကျွန်တော်တို့က ဥပမာ ပြည်တွင်းမဟုတ်ဘူးဆိုရင် ပြည်ပက ဆက်စပ်လား။ ဆက်စပ်ရင်တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ဖော်ထုတ်သွားဖို့ရှိပါတယ်” ဟု ပြောကြားသည်။
လက်ရှိတွင် ကျပ်တစ်သောင်းတန်ငွေစက္ကူ အတုကိစ္စများနှင့်ပတ်သက်၍ ဆိုရှယ်မီ ဒီယာများပေါ်တွင် ပြောဆိုမှုများရှိနေခြင်း နှင့် ပြည်တွင်းတွင်လည်း ငွေစက္ကူအတုများ ဖမ်းဆီးရမိနေခြင်းကြောင့် တစ်သောင်းတန် ငွေအတုကိစ္စများကို မည်ကဲ့သို့ ဆောင်ရွက်သလဲဆိုသည့် သတင်းထောက်တစ်ဦး၏မေးခွန်းနှင့် ပတ်သက်၍ “တစ်သောင်းတန်ကိစ္စကတော့ ကျွန်တော်တို့ အဲဒါလည်း ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ရှိတဲ့သူတွေဆောင် ရွက်နေပါတယ်။ သူတို့အချိန်တန်ရင် သတင်းထုတ်ပေးပါလိမ့်မယ်” ဟု ဦးဇော်ဌေးက ပြန်လည်ဖြေကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
