မန်ယူတိုက်စစ်မှူးဟောင်း ဆာဟာက ကွင်းပြင်ပနေထိုင်မှုပုံစံကြောင့် ဝေဖန်ခံနေရသည့် အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်အား ဘောလုံးကို အာရုံစိုက်ကစားရန် တိုက်တွန်းပြောကြားခဲ့သည်။
ရပ်ရှ်ဖို့ဒ် (၂၇ နှစ်)သည် ယခုရာသီတွင် မန်ယူအသင်းအတွက် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ကွင်းပြင်ပနေထိုင်မှုပုံစံကြောင့်လည်း မကြာခဏဆိုသလို ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ရပ်ရှ်ဖို့ဒ်သည် ညလုံးပေါက် ပါတီတက်သည့်အတွက် မန်ယူအသင်း၏လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွက်သဖြင့် အသင်း၏ဒဏ်တပ်ရိုက်ခြင်းကို ခံခဲ့ရသည်။
ထို့ပြင် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်း ရလဒ်ဆိုးရွားချိန်များတွင် အနေအထိုင်ဆင်ခြင်ခြင်းမရှိဘဲ အားလပ်ရပ်တွင် နိုင်ငံရပ်ခြားသို့ အလည်အပတ်သွားခဲ့သဖြင့် အသင်းပရိသတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
ယခုအခါ မန်ယူအသင်းတာဝန်ရှိသူများသည် ရပ်ရှ်ဖို့ဒ်၏ကွင်းပြင်ပနေထိုင်မှုများကို နှစ်သက်ခြင်းမရှိသဖြင့် လာမည့်ဇန်နဝါရီတွင် ၎င်းအတွက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားသွားဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။
ထို့ကြောင့် ဆာဟာက ''ရပ်ရှ်ဖို့ဒ်အနေနဲ့ ဘောလုံးအပေါ် ဘယ်လောက်ရူးသွပ်ကြောင်း ပြန်လည်ပြသနိုင်ဖို့ လိုပါတယ်။ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်စိတ်ရှိဖို့လိုပြီး အဲဒီအတွက် ဘောလုံးမှာပဲ အာရုံစိုက်ထားရမှာပါ။ ရပ်ရှ်ဖို့ဒ်အနေနဲ့ ကွင်းထဲမှာသာ ခြေစွမ်းပြနိုင်ရင် ခရီးဘယ်လောက်ထွက်ထွက် ဝေဖန်ခံရမှာလည်း မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
