ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား သောမတ်စ်မူလာသည် ရှက်တာဒိုးနက်အသင်းအား (၅-၁)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၏ချန်ပီယံလိဂ်မှတ်တမ်းတစ်ခုကို လိုက်မီခဲ့သည်။
မူလာ(၃၅ နှစ်)အနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)ရာသီတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို၊ မန်ယူကစားသမားဟောင်း ရိုင်ယန်ဂစ်တို့၏မှတ်တမ်းများနှင့် တူညီခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်တွင် ဘောလုံးရာသီအများဆုံး ဂိုးသွင်းနိုင်မှုအဖြစ် မက်ဆီနှင့် ဘန်ဇီမာတို့က (၁၈) ရာသီစီ သွင်းယူထားခဲ့ကြောင်း သိရသည်။
မူလာ၏ ရှက်တာဒိုးနက်နှင့်ပွဲမှ သွင်းဂိုးမှာ ချန်ပီယံလိဂ်သွင်းဂိုး (၅၅)ဂိုးမြောက် ဖြစ်လာပြီး ပြိုင်ပွဲသမိုင်း၏ သွင်းဂိုးအများဆုံးစာရင်းတွင် အဆင့်(၇)နေရာ ရပ်တည်လျက်ရှိသည်။
မူလာသည် ယခုရာသီတွင် (၃)ပွဲသာ ပွဲထွက်ကစားခဲ့ရပြီး ဟာရီကိန်း ဒဏ်ရာရနေခြင်းကြောင့် ပွဲကစားချိန် ပိုမိုရရှိလာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
