အဂတိလိုက်စားမှုကို အများဆုံးတိုင်ကြားခံရသည့် ရန်ကုန်တိုင်းဒေသကြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးခွဲ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြန် ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီးမှာ Corruption Free Zone ဖြစ်လာရေး မဖြစ်နိုင်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ဒီဇင်ဘာ ၇ ရက်တွင် သုံးသပ်ပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်အထိ တိုင်ကြားမှု ၁၃၀၀၀ ကျော်အထိ ရှိလာပြီး ရန်ကုန်တိုင်းဒေသကြီးမှာ အဂတိလိုက်စားမှုနှင့် ပတ်သက်၍ အများဆုံးတိုင်ကြားခံထားရကြောင်းနှင့် အနည်းဆုံးမှာ ကယားပြည်နယ်ဖြစ်ကြောင်း ဦးဟန်ညွန့်က ပြောကြားသည်။
“အဂတိလိုက်စားကြောင်း ဖော်ပြတိုင်ကြားတာမှာ ၂၀၁၇ တုန်းက ၂၆ စောင် ရှိပါတယ်။ ၂၀၁၈ မှာ ၄၂ စောင်ပါ။ စီမံခန့်ခွဲရေး အုပ်ချုပ်ရေး လွဲမှားတာနဲ့ ပတ်သက်ပြီး ၂၀၁၇ မှာ ၃၅၆ စောင် ရှိပါတယ်။ ၂၀၁၈ မှာ ၁၄၅၈ စောင် ဖြစ်လာပါတယ်။ မြေယာကိစ္စမှာ ၂၀၁၇ တုန်းမှာ ၂၈၆ စောင် ရရှိခဲ့ပြီး ၂၀၁၈ မှာ ၁၅၇၉ စောင် ရရှိခဲ့ပါတယ်။ တက်လာတာတွေ့ရပါတယ်။ တရားစီရင်ရေးနဲ့ ဆက်ပြောရရင် ၂၀၁၇ မှာ ၃၇၂ စောင်ပဲ တိုင်စာရရှိပေမဲ့လည်း ၂၀၁၈ မှာ ၁၃၃၄ စောင် တိုးမြင့်ရောက်ရှိလာပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုင်ကြားမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၁၇ မှာ ၈၄၄ စောင် ရရှိခဲ့ပေမဲ့လည်း ၂၀၁၈ မှာ ၃၃၈၇ ရရှိလာပါတယ်။ ဘယ်လိုအရာတွေ တိုင်ကြားသလဲဆိုရင် စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေးတွေ တိုင်ကြားတာများပြီး ဒုတိယမှာ မြေယာကိစ္စ၊ လယ်ယာမြေအငြင်းပွားမှုတွေ များပါတယ်။ တရားစီရင်ရေးတွေ များပါတယ်” ဟု ဦးဟန်ညွန့်က ဆိုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်ရုံးခွဲဖွင့်လှစ်ရန် ဆောင်ရွက်နေမှုမှာ မြေနေရာရရှိထားပြီး ဖြစ်သည်ဟု သိရပြီး ကမာရွတ်မြို့နယ်တွင် ဖြစ်နိုင်ဖွယ်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ် ပထမလေးလပတ် အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ဦးဟန်ညွန့်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ပတ်သက်ပြီး UEHRD ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က 'အဂတိကင်းစင် ရန်ကုန်တစ်ခွင်' ဟု ကြေညာနိုင်ရန် Corruption Free Zone ဟု ပြောကြားခဲ့ပြီး ဒေါက် တာအောင်ထွန်းသက်၏ ပြောကြားမှုနှင့် ပတ်သက်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်းလုပ်ဆောင်မှု ရှိ မရှိ မေးမြန်းမှုအပေါ် ဦးအောင်ကြည်က တုံ့ပြန် ခဲ့ခြင်းဖြစ်သည်။
“ပထမတစ်ချက်က Corruption Free Zone ဆိုတာ Concept တစ်ခုပါ။ အလွန် စိတ်အားထက်သန်စွာနဲ့ အဂတိလိုက်စားမှု ယဉ်ကျေးမှုကြီးပြောင်းလဲသွားအောင် စံနမူနာပြအနေနဲ့ အစိတ်အပိုင်းတစ်ခုကနေ အဲဒီမှာရှိတဲ့ Community တွေ ပါဝင်ပြီးတော့ ချက်ချင်းလက်ငင်းပြောင်းလဲအောင် လုပ်ဖို့ဆိုတဲ့ အယူအဆတစ်ခုပါ။ ဒီအယူအဆမျိုးတွေ မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ပါဘူး။ အားလုံးရဲ့ တူညီတဲ့စိတ်ထားနဲ့ လုပ်ရင်တကယ်ဖြစ်ပါတယ်။ အင်ဒိုနီးရှားဆို တစ်ချိန်တုန်းက အရမ်းအဂတိလိုက်စားခဲ့တယ်။ အခုသူ့အခြေအနေက အများကြီး ကောင်းသွားပြီ။ အချိန်တိုအတွင်းက ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်တို့ လက်ခံနိုင် ဖို့လိုတယ်။ ပြောင်းလဲနိုင်ဖို့အတွက် အနစ် နာခံပြီးပြောမယ့်သူ ဆိုမယ့်သူ လုပ်မယ့်သူပဲ လိုတယ်လို့ ကျွန်တော်ထင်တယ်။ ပြောမယ့်သူရှိတယ်။ လုပ်မယ့်သူရှိတယ်။ တကယ်လည်း အနစ်နာခံပြီးလုပ်မယ်ဆို ကျွန်တော်တို့ ဆွေးနွေးခဲ့သလို အဖွဲ့အစည်းပေါင်းစုံက ဖြောင့်မတ်တည်ကြည်ပြီးတော့ Integrity Impact ဆိုတာမျိုး နားလည်မှုရှိရှိနဲ့ အဂတိလိုက်စားမှုကို တို့ဒေသမှာ လက်မခံဘူးဟေ့ ဆိုပြီးလုပ်ရင် မဖြစ်နိုင်စရာတော့ မရှိပါဘူး။ ရန်ကုန်လိုဒေသက အလွန်ကြီးကျယ်တာ ဖြစ်တဲ့အတွက် ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတော့ ရှိနိုင်တာပေါ့။ တကယ့်တကယ်တော့ ကျွန်တော်တို့အမြင်အရဆို သိပ်တော့ မလွယ်လှဘူးပေါ့။ မလွယ်လှပေမဲ့ ဒီလို ပြောင်းလဲမှုမျိုးကိုတော့ ပြောင်းလဲလိုတဲ့ဆန္ဒ ကို ကျွန်တော်တို့ အားပေးတယ်။ ဘာပဲဖြစ်ဖြစ် ရာခိုင်နှုန်း ၈၀ လောက်မှာ အဂတိလိုက်စားမှု နယ်ပယ်အနှံ့ဖြစ်နေမယ်။ ကျွန်တော်တို့ လုပ်လိုက်ရင် ရာခိုင်နှုန်း၂ဝလောက်ကျ သွားမယ်။ နောက်တစ်ခါထပ်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်သွားရင် ဘယ်တော့ဆိုတဲ့ ပန်းတိုင်တစ်ခုကို ရောက်ကိုရောက်သွားမယ်” ဟု ဦးအောင်ကြည်က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး Corruption Free Zone ဖြစ်လာရေး ဒေါက်တာအောင်ထွန်းသက်၏ တင်ပြချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်း သိရှိပြီးဖြစ်ပြီး ပူးပေါင်းဆောင်ရွက်လိုသည့် ဆန္ဒရှိနေသည်ဟု ဦးအောင်ကြည်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
