မြန်မာနိုင်ငံမှာ ခြစားနေသည့် နိုင်ငံကြီးတစ်ခု ဖြစ်နေသည်ကို မငြင်းနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီဇင်ဘာ ၇ ရက်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
“ကျွန်တော်တို့ နိုင်ငံဟာ ခေတ်စနစ်အမျိုးမျိုးကြားမှာ ဌာနဆိုင်ရာတွေ၊ စီးပွားရေး နယ်ပယ်တွေ၊ လူမှုရေးနယ်ပယ်တွေအားလုံးဟာ ခေတ်စနစ်ရဲ့ ပြဋ္ဌာန်းခဲ့တဲ့ အခြေအနေတွေအတိုင်း ဆောင်ရွက်ခဲ့ကြရတဲ့ အခြေအနေတွေ များစွာရှိပါတယ်။ ဒီအခြေအနေတွေ အားလုံးကို အခုဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပြည့်ဝတဲ့ နိုင်ငံတော် ထူထောင်နိုင်ဖို့၊ပြုပြင်ပြောင်းလဲတဲ့ စီးပွားရေးစနစ်တစ်ခု ထူထောင်နိုင်ဖို့၊ ခိုင်မာတဲ့ စျေးကွက်စီးပွားရေးစနစ်နဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ ကဏ္ဍတွေကို ကြိုးပမ်းဆောင်ရွက်တဲ့အခါ မှာ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်ခဲ့ဘူးဆိုရင် ဒီနယ်ပယ်တွေအားလုံးကို ပြန်လည်ထူထောင်ဖို့ ခက်ခဲပါတယ်။ ကျွန်တော် တို့နိုင်ငံဟာခြစားနေတဲ့ နိုင်ငံကြီးတစ်ခုလို ဖြစ်နေတယ်ဆိုတာ ကျွန်တော် မငြင်းနိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အဆင့်ကို ကမ္ဘာရဲ့ သတ်မှတ်မှုကို ကြည့်မယ်ဆိုရင် နိုင်ငံ ၁၈၀ လောက်မှာ ကျွန်တော်တို့ဟာ ၁၃၀ လောက် ရောက်နေတယ်ဆိုတာ အများကြီးကြိုးပမ်း ဆောင်ရွက်ရဦးမယ်လို့ တပ်လှန့်နှိုးဆော်နေတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးရဲ့ ချမှတ်ထားတဲ့ မူဘောင်တွေ၊ လမ်းညွန်မှုတွေထဲကနေ အဂတိတိုက်ဖျက်ရေးကို ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ အဂတိဆိုတဲ့စကားရပ်ဟာ အလွန်အင်မတန်ကျယ်ပြန့်ပါတယ်။ ဒါဟာ လာဘ်ပေးလာဘ်ယူမှု တစ်ခုတည်းကို ဆိုလိုနေတာ မဟုတ်ပါဘူး။ အဂတိတရားလေးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆန္ဒကြောင့်ဖြစ်နေတဲ့ အဂတိတရား၊ ဒေါသကြောင့်ဖြစ်နေတဲ့ အဂတိတရား၊ ဘယာကြောင့် ဖြစ်နေတဲ့ အဂတိတရား၊ မောဟကြောင့် ဖြစ်ပေါ်နေတဲ့ အဂတိတရား တွေကို ကျွန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်ရပါလိမ့်မယ်။ မကောင်းတာကိုလုပ်ရင် ကြောက်တတ်တဲ့စိတ် ကျွန်တော်တို့မှာ ရှိရပါလိမ့်မယ်။ ဖြောင့်မတ်မှန်ကန်တဲ့ တရားကို ကိုင်စွဲတတ်တဲ့ လူငယ်တွေဖြစ်လာဖို့ အတွက် နောင်မျိုးဆက်ကို သင်ကြားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ အားလုံးဟာ ချစ်ခြင်း၊ မုန်းခြင်းကြောင့် ဆုံးဖြတ်နေတာမျိုး၊ လာဘ်လာဘအတွက် ဆုံးဖြတ်နေတာမျိုး၊ ကြောက်လို့လုပ်ပေးနေရတာမျိုး၊ ကြောက်လို့ ဒီအခြေအနေတွေအပေါ်မှာ မဆောင်ရွက်နိုင်တာမျိုးတွေကို ရှောင်ကြဉ်နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ခေတ်အဆက်ဆက် မိမိနည်း၊ မိမိဟန်ဖြင့် အားထုတ်ကြိုးပမ်းခဲ့သော်လည်း အဂတိလိုက်စားမှုမှာ အချိန်အတော်ကြာအမြစ် တွယ်ခဲ့သည့်အတွက် တစ်မုဟုတ်ချင်း ပျောက်ကွယ်ရန်မှာ မလွယ်ကူလှကြောင်း နှင့် ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လျော့ကျလာရေးအတွက် ဥပဒေပြင်ဆင်ခြင်း၊ တားဆီး၊ ကာကွယ်၊ တိုက်ဖျက်၊ တွန်းလှန်လုပ်ငန်းစဉ်များချမှတ် ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူး ပေါင်းဆောင်ရွက်ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၁၈ -၂၀၂၀) ကို ချမှတ်လုပ်ဆောင်ခြင်းများဖြင့် ဆောင်ရွက်နေသည်ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။
“အဂတိတိုက်ဖျက်ရေးအတွက် ဥပဒေ ပြဋ္ဌာန်းစဉ်အခါတုန်းက လာဘ်ပေးလာဘ်ယူအဆင့်ပဲ မဟုတ်ဘူး။ဒါဟာ အဂတိတရားကိုပါ လက်ကိုင်ပြုနိုင်ပြီး အဂတိလိုက်စားမှုအားလုံးကို တိုက်ဖျက်နိုင်ဖို့အတွက် ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်ကြီးကို စနစ်တကျ ထူထောင်နိုင်ပြီ။ နိုင်ငံရဲ့ အဆင့်အတန်းဟာ တိုးမြှင့်လာနိုင်ပြီဆိုရင် အခုပြုပြင် ပြောင်းလဲရေးဟာ အရှိန်အဟုန်နဲ့ရှေ့ကို တိုးလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ခေတ်စနစ်ကို ပြောင်းလဲကြရတဲ့ အခြေအနေမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေအားလုံးကို ကျွန်တော်တို့ ကြုံဆုံကြရမှာ ဖြစ်ပါတယ်။ ဒီကြုံဆုံမှုတွေအားလုံးကို ကျွန်တော်တို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ အဂတိတိုက်ဖျက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အဆင့်တစ်ဆင့် ကမ္ဘာ့အလယ်မှာ ရင်ပေါင်တန်းနိုင်မယ့် အခြေအနေကိုရောက်လာမှာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ အားလုံး နိုင်ငံရေးယုံကြည်မှုတွေ၊ ဌာနဆိုင်ရာ အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်နဲ့ ယုံကြည်မှုတွေကို တည်ဆောက်ပြီး အဂတိတိုက်ဖျက်ရေးကို အတူဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
