မန်စီးတီးနည်းပြ ဂွါဒီယိုလာက အသင်း၏အဓိကကွင်းလယ်ကစားသမားဖြစ်သူ ရိုဒရီ ဒဏ်ရာကြောင့် မကစားနိုင်ခြင်းမှာ ၎င်းတို့အတွက် ကြီးမား သည့်ထိုးနှက်ချက်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
၂၀၂၄ Ballon d'Or ဆုရှင် ရိုဒရီသည် စက်တင်ဘာလက ကစားခဲ့သည့် အာဆင်နယ်အသင်းနှင့်ပွဲတွင် ACL ဒဏ်ရာရရှိခဲ့ပြီး ယခုရာသီကုန်အထိ ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ရိုဒရီ မပါဝင်သည့်ပွဲစဉ်များတွင် ရလဒ်များ ဆိုးရွားလေ့ရှိပြီး ယခုအခါ ဂွါဒီယိုလာအနေဖြင့် ၎င်း၏နည်းပြဘဝတစ်လျှောက် အဆိုးရွားဆုံးမှတ်တမ်းနှင့် ရင်ဆိုင်နေရသည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၁) ပွဲသာ အနိုင်ရခဲ့ပြီး (၄) ပွဲအထိ ရှုံးနိမ့်ခဲ့သည်။
ယခုအခါ ဂွါဒီယိုလာက ၎င်းတို့အနေဖြင့် ရိုဒရီကို လွမ်းဆွတ်နေကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက ''ရိုဒရီက ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ကို ကျွန်တော်တို့ လွမ်းပါတယ်။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဆုရပြီး တစ်ရာသီလုံး ကျွန်တော်တို့အတွက် မကစားနိုင်တဲ့ အနေအထားကို မြင်ကြည့်လိုက်ပါ။ ကျွန်တော့်အနေနဲ့ ဘာစီလိုနာမှာ မက်ဆီ မရှိဘဲ ဖလား (၃) လုံး ဒါမှမဟုတ် ဖလား (၆) လုံး မရနိုင်ပါဘူး။ သူတို့က ထူးခြားတဲ့ကစားသမားတွေဖြစ်ပြီး ပွဲကို ပြောင်းလဲနိုင်သူတွေပါ။ ရိုဒရီက နောက်တစ်ဆင့်ရောက်နေတဲ့ ကစားသမားဖြစ်ပြီး အဲဒီအတွက် သူ့ကို ကျွန်တော်တို့ လွမ်းပါတယ်''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
