Top News

ဆွန်ဟောင်မင်၏အခြေအနေကို ဂါလာတာစာရေး စောင့်ကြည့်
24htopnews | December 12, 2024 6:12 PM CST

တူရကီကလပ် ဂါလာတာစာရေးအသင်းသည် စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်အား ခေါ်ယူရန် ၎င်းနှင့် စပါးအသင်း၏အခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

အသက် (၃၂)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ယခုရာသီကုန်တွင် စပါးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စပါးအသင်းဘက်က ယခုအချိန်ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။

ထို့ကြောင့် ၎င်းကို ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ဂါလာတာစာရေးအသင်းက စောင့်ကြည့်လာခြင်းဖြစ်သည်။

ဂါလာစာရေးအသင်းသည် ၂၀၂၅ နွေတွင် နာပိုလီမှ အငှားခေါ်ထားသည့် အိုဆင်မန်၏နေရာတွင် အစားထိုးရန် ဆွန်ဟောင်မင်ကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ဆွန်ဟောင်မင်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည့်အခြေအနေကြောင့် မန်ယူနှင့် ဘာစီလိုနာအသင်းတို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။


READ NEXT
Cancel OK