Top News

စကူဒက်တိုချန်ပီယံဆု အကြောင်းပြောရန် စောလွန်းနေသေးကြောင်း အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်း ပြောကြား
24htopnews | December 12, 2024 6:12 PM CST

 

အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်းက ယခုရာသီတွင် ၎င်းတို့အသင်းအနေဖြင့် စီးရီးအေအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှဦးဆောင်နေသော်လည်း စကူဒက်တိုချန်ပီယံဆုအကြောင်းကို ပြောဆိုရန် စောလွန်းနေသေးကြောင်း ပြောကြားခဲ့သည်။

 

ယခုရာသီတွင် ခြေစွမ်းပြနေသည့် အတ္တလန်တာအသင်းသည် စီးရီးအေပွဲစဉ် (၁၅) အပြီးတွင် ရမှတ် (၃၄)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေပြီး ဒုတိယနေရာမှ နာပိုလီအသင်း (၃၂ မှတ်)ကို (၂) မှတ်ဖြတ်ထားသည်။ 

ထို့ကြောင့် ယခုရာသီတွင် အတ္တလန်တာအသင်းအနေဖြင့် စီးရီးအေချန်ပီယံဆုကို ရယူနိုင်စွမ်းရှိနေကြောင်း ဘောလုံးဝေဖန်သူများက သုံးသပ်နေသည်။ သို့သော် အတ္တလန်တာတိုက်စစ်ကစားသမား လွတ်ခ်မန်းက ယခုအချိန်တွင် စကူဒက်တိုချန်ပီယံ ဆုအကြောင်း ပြောရန်စောလွန်းနေသေးကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

လွတ်ခ်မန်းက "ချန်ပီယံ ဆုအကြောင်း ပြောဖို့ စောလွန်းနေပါသေးတယ်။ စီးရီးအေပြိုင်ပွဲက အရမ်းခက်ခဲတဲ့ ပြိုင်ပွဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ကြီးကျယ်ခမ်းနားတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရတာပါ။ ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ်လုပ်နေတဲ့ အာရုံစိုက်ဖို့ဖြစ်ပြီး အခုထက်ပိုပြီး တိုးတက်အောင် ကြိုးစားရမှာပါ"ဟု ဆိုခဲ့သည်။ 


READ NEXT
Cancel OK